Chapter -61

2.7K 389 10
                                    

Chapter 124: ဒီမင်းသမီးက ရိုးသားတဲ့သူ
___

Translated by - Dancing_Breeze

ပတ်ဝန်းကျင်က ဓားသွားချင်းထိခတ်သံများဖြင့်ညံနေသည်။ ဓားသွားက အသားတွေကိုခုတ်ဖြတ်သွားချိန်မှာ လတ်လတ်ဆတ်ဆတ်သွေးတွေစီးကျလာပြီး မရေမတွက်နိုင်တဲ့လူတွေက နောက်ဆုံးအနေဖြင့် နာကျင်စွာအော်ဟစ်လိုက်ကြ၏။ နဉ်ရှု အံကြိတ်လိုက်သည်။ တာတာတွေရဲ့မြင်းက ယုံနိုင်ငံစစ်သည်တွေရဲ့အ‌လောင်းအပေါ် နင်းတက်သွားတာကို မျက်ဝန်းထောင့်ကနေ သူမမြင်နေရသည်။

ဖော်ပြလို့မရနိုင်တဲ့ဝမ်းနည်းမှုတွေနဲ့အမုန်းတရားတွေက နဉ်ရှုရဲ့နှလုံးသားထဲ လှိုက်တက်လာပြီး သူမက မျက်နှာချင်းဆိုင်က တာတာအုပ်ကြီးဆီပြေးဝင်သွားကာ သူတို့မျက်နှာတွေကို ကြာပွတ်နဲ့ရိုက်ချတော့သည်။ ဆူးချွန်တွေက သူတို့ရဲ့အသားထဲစိုက်ဝင်သွားပြီး တချို့သူတွေရဲ့မျက်လုံးတွေကိုပင် စုတ်ပြတ်သတ်သွားစေသည်။

"ရှေ့မှာရှေ့မှာ..."

နောက်ဆုံးတွင်တော့ မလှမ်းမကမ်းမှမြင်းခွာသံများထွက်လာတော့၏။ ကြာရှည်စွာစောင့်မျှော်နေခဲ့ရသည့် ကယ်ဆယ်ရေးအဖွဲ့က နောက်ဆုံးတော့ရောက်လာပေပြီ။

ယုံနိုင်ငံစစ်သူကြီးက တပ်ဖွဲ့ကိုဦးဆောင်လာငည်။ မြေပေါ်ကအလောင်းတွေကိုမြင်လိုက်ရချိန်မှာ သူက ချက်ချင်းအော်သည်။

"တိုက်ပွဲအတွက်ပြင်ဆင်ထားကြ!"

ဟယ့်လျန်ယင်းက စစ်သည်တွေအများကြီးခေါ်မလာပေ။ အသစ်ရောက်လာတဲ့သူတွေကိုမြင်လိုက်ရချိန်၌ သူက သွေးတွေလွှမ်းနေပြီး မျက်ဝန်းတောက်တောက်လေးတွေကိုသာမြင်ရတော့တဲ့ နဉ်ရှုကို ခပ်မြန်မြန်ကြည့်ကာ သူ့တပ်သားတွေကိုပြော၏။

"ပြန်လာကြ။"

တာတာတွေက ဟယ့်လျန်ယင်းနောက်ကို အလျင်အမြန်ပင်ပြတ်ဆုတ်သွားကြပြီး ယုံနိုင်ငံစစ်သည်တွေကို မျက်နှာချင်းဆိုင်ကာရပ်လိုက်ကြ၏။

နဉ်ရှုက သူမမျက်နှာထက်မှသွေးတို့ကိုသုတ်လိုက်သည်။ သူမရဲ့နှာခေါင်းသည်ပင် ရွံစရာကောင်းလှသည့်သွေးနံ့ပြင်းပြင်းဖြင့်ပြည့်နေ၏။

The General Loves A Village Girl (Arc-2) (Complete)Donde viven las historias. Descúbrelo ahora