Chapter - 31

3.8K 634 29
                                    

Unicode

၉၄။ မင်းသမီးက အရင်နဲ့မတူတော့ဘူး
____________________

သွမ့်သခင်မကြီး၏မျက်နှာမှာ နှုတ်ဖြင့်စော်ကားခံလိုက်ရမှုကြောင့် ပူတက်လာသည်။ သူမဂုဏ်အယူရဆုံဖြစ်တဲ့သားက သည်လိုဆိုးဆိုးရွားရွားအပြောခံလိုက်ရသော်ငြား ပြောလိုက်သူက ယုံနိုင်ငံတော်ကြီး၏မင်းသမီးတစ်ပါးဖြစ်နေသဖြင့် သူမမှာ ပြန်မချေပနိုင်ရှာ။

သွမ့်သခင်မကြီး သွေးအန်တော့မလိုဖြစ်နေတာကို နဉ်ရှု တွေ့လိုက်ရပြီး သူမနှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် ကော့တက်သွားခဲ့၏။ သူမက သူမရဲ့စက်ဆုပ်မှုကိုပြသဖို့အတွက် နှာမှုတ်လိုက်ပြီး ဆက်ပြောသည်။

"တို့ကြားခဲ့တာ စစ်သူကြီးသွမ့်က..အာ...တို့ရဲ့ဒီမှတ်ဉာဏ်ကလည်းနော်၊ သွမ့်ရှင်းဟွေ့က စစ်သူကြီးမှမဟုတ်တော့တာပဲ၊ သူက သာမန်ပြည်သူတစ်ယောက်ပဲကို။ သွမ့်ရှင်းဟွေ့က စစ်ချီတက်နေတုန်း မိန်းမတစ်ယောက်ကိုပါ ခေါ်လာတယ်လို့ တို့ကြားတယ်။ ကြည့်ရတာ သူက အဲ့မိန်းမကို တကယ်ချစ်ပုံရတယ်နော်။ ဒီလိုချွေးမကောင်းလေးရတဲ့အတွက် ဂုဏ်ယူပါတယ် သွမ့်သခင်မ။"

နဉ်ရှုက စကားပြောနေရင်း သူမလေသံထဲရှိစက်ဆုပ်မှုတို့ကို ဖုံးကွယ်မထားပေ။

သွမ့်သခင်မကြီးရဲ့မျက်နှာက ရှုံ့မဲ့သွား၏။ နဉ်ရှုရဲ့ အရေးမစိုက်တဲ့အမူအရာကိုကြည့်ရင်း သူမ စိတ်ထဲကြိတ်ကာသွေးအန်လိုက်မိသည်။ သူမရဲ့သားက ထက်မြက်တယ်၊ ဘယ်လိုလုပ်ပြီး ရွာသူမတစ်ယောက်က သူနဲ့လိုက်ဖက်မှာလဲ?

ထပ်ပြောရမည်ဆိုလျှင် မင်းသမီးက သွမ့်‌ရှင်းဟွေ့အကြောင်းပြောလာချိန်မှာ မင်းသမီးရဲ့လေသံထဲ ဘာချစ်ခင်မှုမှပါမနေတာကို သူမခံစားမိသည်။

အခုတော့ဖြင့် သွမ့်သခင်မကြီးမှာ တကယ်ကိုချောက်ချားလို့နေပြီဖြစ်၏။ မင်းသမီးမရှိဘဲနဲ့ သူမသားက ဘယ်လိုလုပ်ပြီး အမြင့်ပြန်တက်ရမှာလဲ? သူက ကျန်နေတဲ့တစ်ဘဝလုံး တကယ်ပဲသာမန်ပြည်သူတစ်ယောက်ဖြစ်သွားတော့မှာလား?

သွမ့်သခင်မကြီးရဲ့နှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်လို့နေသည်။ သူမက သိက္ခာကိုဘေးဖယ်ကာ သက်ညှာပေးဖို့ စတင်တောင်းပန်တော့သည်။

The General Loves A Village Girl (Arc-2) (Complete)Donde viven las historias. Descúbrelo ahora