Chapter - 54

2.9K 408 4
                                    

Chapter 117: လူသူကင်းမဲ့တဲ့နယ်မြေဖြစ်လာတယ်
___

Translated by - Dancing_Breeze
သူတို့တွေကြားမှာ မရိုးသားတဲ့ရည်ရွယ်ချက်တွေနဲ့စစ်သည်တစ်ချို့ရှိတယ်ဆိုတာ သွမ့်ရှင်းဟွေ့လည်းသိသည်။ သို့သော်လည်း သူတို့ကြားမှာ မိန်းကလေးတစ်ယောက်ရောက်လာတဲ့အခါ ဒီယောက်ျားအုပ်ကြီးက တဏှာစိတ်တွေဖြစ်လာတာ ပုံမှန်ပဲလို့ သူထင်သည်။

သူက သူမကိုစိတ်ပူလို့လာခဲ့ပေမယ့် သူမကတော့ သူက သူမတစ်ခုခုဖြစ်ဖို့မျှော်လင့်နေတယ်လို့ ရိုင်းပြစွာစွပ်စွဲလာသည်။

သွမ့်ရှင်းဟွေ့မှာ ဒေါသကြောင့်မွန်းကြပ်လာသည်။ သူက သူမကိုစိတ်ပူနေရုံပဲကို၊ သူမက ဘာလို့ သူ့ကို သတိပြည့်နေတဲ့အကြည့်တွေနဲ့ကြည့်လာရတာလဲ?

မင်းသမီးကျားဟွေ့ရဲ့ သူ့အပေါ်သဘောထားက အပြောင်းအလဲမြန်လွန်းသည်။ သူမ သူ့ကိုချစ်ခဲ့တဲ့အချိန်တွေက အိပ်မက်တစ်ခုလို့ပင်ထင်လာရစေသည်။

ဤစကားဝိုင်းမှာ အရှက်ရပြီးနောက် သွမ့်ရှင်းဟွေ့က မြင်းကိုလှည့်ကာ စစ်သူကြီးရှန်းဖုန်းရဲ့ဘေးကိုပြန်သွားသည်။

စစ်တပ်က ဆက်လက်ချီတက်နေဆဲဖြစ်သည်။ အချိန်ကြာလာချိန်မှာတော့ ဆက်သွားနေရတာက အနည်းငယ်ပင်ပန်းတာကို နဉ်ရှုသိလာရသည်။ ချီတက်နေတာ ဆယ်ရက်နီးပါးရှိပြီဖြစ်ပြီး ဒီအချိန်အတွင်းမှာ သူမရဲ့ပေါင်တွေက ပွတ်တိုက်မှုကြောင့် အသားနီလန်နေပြီဖြစ်သည်။ သူမ ဒါကို ဆက်သည်းမခံနိုင်တော့တဲ့အချိန်မှာတော့ သူမက သူမကိုယ်တိုင်အတွက် နူးညံ့တဲ့အခံတွေချုပ်လိုက်ပြီး နာကျင်မှုလျော့ပါးစေရန် သူမခြေထောက်တွေမှာချည်ထားလိုက်သည်။

ထိုအချိန်အတွင်းတွင် တစ်ချို့စစ်သားများမှာ နဉ်ရှုရဲ့သည်းခံနိုင်စွမ်းကိုစမ်းသပ်နေကြသည့်နှယ် ပိုသတ္တိကောင်းလာကြသည်။ တစ်ချို့လူတွေမှာဆို မင်းသမီးကျားဟွေ့ကို ဖျော်ဖြေပေးတဲ့မိန်းမတစ်ယောက်လိုဆက်ဆံဖို့ကဲ့သို့သော ရယ်ချင်စရာအကြံတွေရှိနေသေးသည်။

နဉ်ရှုသိတဲ့အခါ သူမက အေးစက်စွာသာရယ်လေ၏။ ထို့နောက်တွင်တော့ သူမက သူမတဲနားချဉ်းကပ်လာတဲ့လူတွေက ဘယ်သူကြီးဖြစ်နေနေ လူတိုင်းရဲ့မျက်နှာကို အပြတ်အသတ်ရိုက်တော့သည်။

The General Loves A Village Girl (Arc-2) (Complete)Where stories live. Discover now