part(1)......ဂိတ်

3.6K 81 0
                                    

ကျွန်တော့်ရဲ့ဘဝအစိတ်အပိုင်းတော်​တော်များများကပျက်စီးလွယ်သည်
သို့သော် ထိုအစိတ်အပိုင်းထဲခဗျားလေးမပါစေရ
#မြင့်မိုရ်

မှောင်သည်

အမှောင်ထုတို့ကပို၍နီးကပ်လာသည်

ဆေးနံ့တွေမွှန်ထွန်နေသည့်နေရောင်ပျပျသာမြင်ရသေးသောဆေးရုံလျှောက်လမ်းကြားခုံတွင်ထိုင်နေသည်မှာ နာရီပိုင်းမျှကြာချေပြီ

ရှုပ်ပွနေသည့်ဆံသားတို့အားလက်တစ်ဖက်
ဖြင့်သပ်တင်မိသည်မှာအကြိမ်ကြိမ်အခါခါ

တုန်ရီနေသည့်လက်တစ်စုံက ဆေးစာရွက်ပါးပါးလေးကိုကျစ်နေအောင်ဆုပ်ကိုင်ထားသည်

ကျွန်တော်အိမ်မက် မက်ခဲ့ဖူးသည်

ထိုအိမ်မက်တွေအတိုင်းဘဝကိုတည်ထောင်ခဲ့ဖူးသည်

အချိန်များစွာအင်အားများစွာထည့်သွင်းတည်ဆောက်ထားသည့် အရာရာသည် ထိုစာရွက်ပါးပါးလေးကြောင့်ပျက်စီးရသည်မှာ ခံစားရခက်လှသည်

ထူထဲနက်မှောင်နေသောမျက်ခုံးတွေတွန့်ကျိုးသည်အထိ ကျုံ့ထားမိသည်

အံကိုတင်းနေအောင်ကြိတ်ကာ အကျမခံနိုင်သောထိုမျက်ရည်များကို ပုတ်ခတ်ကာပင်သိမ်းဆည်းထားလိုက်သည်

အသက်ရှုသံပျပျသာကြားနေရသည့် လူလျှောက်လမ်းမှာ ကျွန်တော်တစ်ယောက်တည်း
တစ်နာရီနီးပါးကြာအောင်ထိုင်နေမိသောဤထိုင်ခုံမှာ နာကျင်နေလောက်ချေပြီ

ကျွန်တော်မုန်းသောဆေးနံ့တို့ဝေးရာ တစ်နေရာသို့ ကားမောင်းလာခဲ့လိုက်သည်

တကယ်ဝေးသထက်ဝေးရာသို့

ပျက်းစီးခြင်းနှင့်တုတ်နှောင်ထားသည့်သေဆုံးခြင်းတို့က ကျွန်တော့်နောက်နားကိုရောက်နေချေပြီ

လက်မခံနိုင်

မက်ခဲ့ဖူးသည့်အိမ်မက်များ

တောင်းခဲ့ဖူးသည့်ဆုများ

မကိုင်တွယ်ရက်ခဲ့သည့်အရာများ................

ကျွန်တော်ကလက်လွှတ်ရမည်တဲ့လား

ဟင့်အင်

Pass Away (Complete)  (Z+U)Where stories live. Discover now