part(4)..........ခွင့်

314 26 0
                                    

ဆုမတောင်းစရာမလိုဘဲပြည့်လာခဲ့သောအရာတွေထဲတွင် အကို့၏ကြင်နာမှုများအားပို၍ နှစ်လိုခဲ့သည်
#ကိုး

ဘွဲ့ယူပြီးနှစ်လသုံးလလောက်ထိဖေကြီးကမြန်မာနိုင်ငံမှာနေအုန်းမည်ဟုဆိုသည်

ထိုစကားကိုကြားကြားချင်းအပျော်ဆုံးကတော့ ကိုကိုကြီးဖြစ်သည်

ကျွန်တော်ဘွဲ့ယူပြီးအားလပ်ရက်အဖြစ်တစ်ပတ်လောက်အေးဆေးနေဖြစ်သေးသည်
ကျောင်းတက်ရက်တွေ၌လွမ်းနေခဲ့သော တစ်စုံတစ်ယောက်အားပုံမှန်ငေးတွေးကြည့်ရင်းနဲ့အချိန်များအားကုန်ဆုံး၏

မနက်စာထမင်းဝိုင်း၌ဖေကြီးကခေါင်းရင်းမှထိုင်ကာကျွန်တော်နဲ့ကိုကိုကြီးကတော့မျက်နှာချင်းဆိုင်ဘေးဘီတွင်ဝင်ထိုင်လိုက်သည်
မနက်စားစားနေချိန်မှာပင်ဖေကြီးကမျက်မှန်ကိုင်းကိုပင့်ကာစကားစလာသည်

"သားကြီး''

"ဗျာ''

ဖေကြီးရဲ့ခေါ်သံကြောင့် ကိုကိုကြီးမော့ကြည့်ကာပြန်ဖြေလိုက်သည်

"သားကြီးအိမ်ထောင်ပြုသင့်ပြီလို့ထင်တယ်''

"အော် ဘာများလဲလို့''

"ဘာများလဲလို့တဲ့လား.....မင်းအသက်ကဖင်ဆောင့်နေပြီကွ.... အိမ်ထောင်ပြုမယ်မစဥ်းစားဘူးလား''

"ပြုချင်ပါတယ်....ဒါမဲ့ မဂ်လာဆောင်တာတစ်ယောက်တည်းဆောင်လို့မှမရဘဲ''

"ဟာကွာ... ဒါဆိုမင်းမှာချစ်သူဘာညာတွေမရှိသေးဘူးလား''

"ပေါက်ကရတွေဖေကြီးရာ''

"ဘာကိုပေါက်ကရလဲ.....မှတ်ပုံတင်လဲပြန်ကြည့်အုန်း..အသက်ကဖြင့် 28နှစ်ဖြစ်ပြီ  အကယ်၍မင်းမှာချစ်သူရှိရင်မြန်မြန်ယူဖို့စဥ်းစား   ဆင်းရဲရဲချမ်းသာသာရတယ်  အကျင့်ကောင်းပြီးမျိုးရိုးကောင်းရင်ရပြီ''

"စဥ်းစားလိုက်ပါအုန်းမယ်''

"အေး...စဥ်းပဲစားနေ မင်းညီညီကအရင်ရသွားလိမ့်မယ်''

မဆီမဆိုင်မိမိအားလာရောက်အဖျားခတ်တော့ မျက်လုံးပြူးကာလိုက်ကြည့်နေမိသည်

ကိုကိုကြီးကတော့ကျွန်တော့်ကိုတစ်ချက်မျှမော့
ကြည့်၍ပြုံးရင်းသာခေါင်းငုံ့သွားသည်

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora