part(10).......မွေးနေ့

178 17 0
                                    

တစ်ဦးတစ်ယောက်အား မျှော်လင့်ချက် တစိုးတစီမပါပါပဲ ရိုးသားစွာချစ်ကြောင်း ဝန်ခံမည်
# ကိုး

"သားငယ် ထတော့လေ ဘုရားသွားမယ်ဆို သားငယ်ရေ ထတော့လို့ကွယ်''

ခန္တာကိုယ်ကိုလှုပ်ခါနှိုးသော်လည်း အင်းအင်းအဲအဲ အသံကလွဲလို့ မျက်လုံးပွင့်ယောင်ပင်မပေါ်

ဖြန်းးးးးး

"အားးး! ! နာလိုက်တာ အန်တီချိုရယ် ''

"နာမှာပေါ့ သားငယ်က အသားမှမနာရရင် ထမှာမဟုတ်ဘူး''

အပျိုကြီးတွေများ သူများအသားဆိုရက်ရက်စက်စက်......

"မျက်စောင်းထိုးကြည့်မနေနဲ့ မြန်မြန်ထ ရေမိုးချိုးပြီး အောက်ဆင်းခဲ့''

"ဘာလို့လဲ အန်တီချိုရယ် ခုမှ ၆နာရီပဲရှိသေးတာကို''

ကုတင်ပေါ်မှမဆင်းသေးဘဲ စောင်ပုံကြားထဲ ငုတ်တုတ်ထိုင်နေသည့် သကောင့်သားက ချိုအခန်းထဲက ထွက်သွားရင်လည်းပြန်အိပ်ပေအုန်းမည့် ရုပ်နှင့်........

ကိုယ့်မွေးနေ့ဆိုတာကို မေ့နေသည့် ထိုကလေးအား ကိုင်ပေါက်ချင်စိတ်တို့ကတဖွားဖွား

" ဒီနေ့ဘာနေ့လဲ သားငယ်သိလား''

ထိုသို့ပြောလိုက်တော့ သားငယ်က သူ့လက်ချောင်းဖြူဖြူသေးသေးလေးတွေနဲ့ ခေါင်းကုတ်ပါးကုတ်လုပ်နေသည်

မျက်လုံးကလည်းတောင်ကြည့်မြောက်ကြည့်နှင့်......

အတော်ကြာမှ သိသွားသည်ထင်.....
မျက်လုံးလေးပြူးပြီး ချို့အား တအံ့တသြကြည့်လာသည်

ညက စာရေးရင်းနောက်ကျသွားသည်ထင်ပါရဲ့
ကိုယ့်မွေးနေ့ကိုယ်​တောင်မေ့ပြီးအိပ်နေပုံထောက်ရင်........

"ဟုတ်တယ် ဒီနေ့သားငယ်ရဲ့မွေးနေ့ အဲ့ကြောင့်ထတော့ ဟိုနေ့ကပဲ ဘုရားသွားချင်တယ်ဆို နေမမြင့်ခင်သွားရအောင် တော်ကြာလူတွေများလာရင် သားငယ်ရဲ့ကိုကိုကြီးက မျက်နှာကြီး
ရှုံ့မဲ့နေအုန်းမယ်''

"............''

"အဲ့ဆို အန်တီချို သွားပြီနော် အော် မြန်မာဝတ်စုံဝတ်ခဲ့ မေ့နေမှာစိုးလို့''

Pass Away (Complete)  (Z+U)Место, где живут истории. Откройте их для себя