part(11).......ကလေး

198 16 0
                                    

ချစ်မိနေပါပြီလို့ကောက်ချက်ချချိန်မတိုင်ခင်ကတည်းက အချစ်ဟာရင်မှာ အမြစ်တွယ်နေပြီးပါပြီ

#ကိုး

မြို့လယ်ခေါင်ကနေ ဆိပ်ကမ်းအထိသွားဖို့ရန်တစ်နာရီနီးပါးကြာတာမို့ ညနေ4နာရီခန့်တည်းက ထွက်ရန်အသင့်ပြင်ဆင်နေလိုက်သည်

လွတ်လွတ်လပ်လပ်နှင့်ပေါ့ပေါ့ပါးဖြစ်စေမည့်အကျီကိုသာရွေးချယ်လိုက်သည်
ထို့​နောက် စားပွဲပေါ်မှ နေ့လယ်က အတင်းတောင်းလို့ရထားသည့်ကားသော့ကို ဟန်ပါပါဆွဲယူရင်း အိမ်အောက်သို့ဆင်းလာခဲ့သည်

"ညီညီသွားပြီနော်''

"အေးအေး နောက်ကျမနေနဲ့ နောက်ကျမယ်ဆိုလည်းဖုန်းဆက်''

"ဟုတ်''

ပြောပြောဆိုဆိုပင်အိမ်ထဲကပြေးထွက်လာလိုက်သည်

ထို့နောက် ဂိုဒေါင်ထဲမှကိုကိုကြီးကားကိုထုတ်ကာ ခြံထဲမှမောင်းထွက်လာလိုက်သည်

ကျွန်တော်ခြံပြင်ရောက်တော့ အစ်ကိုကကြိုရောက်နှင့်နေချေပြီ

Gucci တဆိပ် အဖြူရောင်အကျီလေးနဲ့ အနက်ရောင်ကုတ်အရှည်ကြီးကိုတွဲဝတ်ထားသည်မှာ အနက်ရောင်ဘောင်းဘီရှည်ကြောင့်ပိုကြည့်ကောင်းသည်ထင်........
ကျွန်တော့်မျက်လုံးထဲတော့ model တစ်ယောက်အလားပင်......

"တက်လေ အစ်ကို မြန်မြန် goမယ်''

ထို့နောက် အစ်ကိုက ကျွန်တော့်ဘေးခုံတွင်ဝင်ထိုင်သည်

ဂျယ်သုံးကာ လှန်တင်ထားသည့် ဆံသားတစ်ချို့ကြောင့် အစ်ကို့ရဲ့ညာဘက်မျက်လုံးအောက်မှ မှဲ့နက်လေးက ထင်းနေကာ ကြည့်လို့ကောင်းနေသည်

ထို့​နောက် မကြာသေးခင်ကမှထွက်ထားသည့်
Halseyရဲ့ Without youသီချင်းကိုဖွင့်လိုက်သည်

Speakerမှတဆင့်လွင့်ထွက်လာသည့်သီချင်းသံက ကားထဲလေဟာနယ်တလျှောက် ဆွေးငေးစေသည်

အစ်ကိုကဘယ်ကိုသွားမည်ကိုလဲ မမေး

ဘယ်အကြောင်းကြောင့်သွားမည်ကိုလဲမမေး

ဒီအစ်ကိုဆိုတာလေ ကျွန်​တော်မဟုတ်ဘဲ တခြားသောသူက ဤသို့ခေါ်လျှင်ကောလိုက်မည်များလား

Pass Away (Complete)  (Z+U)Where stories live. Discover now