part(19).....ပထမဆုံးနေ့

169 8 0
                                    


" ဟို....အဲ....ပြန်ကြမယ်လေ ကိုးတို့နောက်ကျလိမ့်မယ် ''

ပါးလေးများနီရဲကာ ရှက်နေသည့်ကလေးငယ်သည် တောင်ကြည့်မြောက်ကြည့်နှင့် ဖိနပ်တွေကောက်စီးနေတော့သည်

" နေဦး ကိုး ''

ကျောခိုင်းလှည့်ထွက်တော့မည့် ကလေးငယ်၏ လက်လေးကို ကျွန်တော် ဖမ်းဆွဲလိုက်သည်
ထိုအခါ လှည့်ကြည့်လာသည့် မျက်းဝန်းတစ်စုံသည် ကျွန်တော့်ကို မဟုတ်ဘဲ တခြားတစ်နေရာသို့

" ကိုယ် နမ်းလိုက်တယ်ဆိုတာက..... ''

" ကိုး ကိုကို့ကို ချစ်တယ် ယောကျာ်းတစ်ယောက်မို့ ထူးဆန်းကောင်းထူးဆန်းနိုင်တယ် ဒါမဲ့ ကိုး ချစ်တယ် အဲ့တစ်ခွန်းထဲနဲ့ အဓိပ္ပါယ်ပြည့်စုံပြီထင်တယ် ''

ခုနက ရှက်နေသူမှာသူမဟုတ်သလို ခပ်တည်တည်နှင့် ချစ်တယ်ထပ်အောင်ပြောနေသည့် ကလေးငယ်ကို ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်သည်

ချစ်ခြင်းတွေဟာ ရိုးရှင်းပါတယ်

တစ်စုံတစ်ယောက်ကြောင့် ရင်ခုန်ရတိုင်း ချစ်မိနေတုန်းလို့ သတ်မှတ်သလိုမျိုးပေါ့

အပြန်လမ်းတွင် မြဲမြဲဆုပ်ကိုင်ထားသည့် လက်တစ်စုံ
ရေဆိုနေသည့်အဝတ်ကို လေပြင်းတိုက်ချိန်တွင် အေးစက်မှုက စိမ့်ခနဲပင်
ကျွန်တော့်အား မော့မော့ကြည့်လာသည့် ချစ်ရသူ

" ခုဆို ကိုးနဲ့ကိုကိုက ချစ်သူတွေပေါ့နော် ''

" အင်း''

ချွဲနွဲ့ခြင်းကင်းစွာ လူကြီးလေးတစ်ယောက်လိုပြောလာသည့် စကားလုံးများတွင် ရင့်ကျက်မှုကို မြင်ရသည်

" အကယ်၍ ကိုကိုက မချစ်တော့ဘူးဆိုရင်တောင် ကိုးကကြိုးတုတ်ပြီး အခန်းထဲသိမ်းထားမှာ ''

တကယ်လုပ်မည့်လေသံနှင့်ခြိမ်း​ခြောက်နေသည့် ကလေးငယ်​

" ကိုးဘက်က မချစ်တော့ဘူးဆိုရင်ရော ''

ကျွန်တော်က စသလိုနောက်သလိုပြန်မေးလိုက်သော်လည်း ကလေးငယ်ကတော့ မျက်နှာတည်နဲ့ပင်

" အဲ့အချိန်က ကိုး သေသွားလို့ပဲဖြစ်လိမ့်မယ် ''

တစ်လုံးချင်းဆိုကာ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လာသည်

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora