part(12).......ပန်ဒါလေး

167 12 0
                                    

"တီ တီ တီ''

"ဟာ နားငြည်းတယ်ကွာ ရှေ့မှာကားဒီလောက်ပိတ်နေတာမြင်ရဲ့သားနဲ့ ငါ့ဟွန်းတီး​တော့ငါက ကျော်ခွသွားလို့ရတာကျနေတာပဲ ''

ရာသီဥတုပူရသည့်ကြားထဲ ကားက အလိုက်မသိစွာ ပိတ်ဆို့နေသေးသည်

ထိုသည်ထက် နောက်ဘက်မှ လူ့ဂွစာက တတီတီနှင့်ဟွန်းတီးနေသေးသည်
ကားထဲမှ air-conပင် ကယ်ပါကူပါအော်ရလောက်အောင် လေထုဟာ ပူနွေးနွေးကြီးနှင့် အသက်ရှူပင်ကျပ်ချင်စဖွယ်

မီးစိမ်းပြပြချင်း အရှိန်တင်ကာမောင်းမိသည်

တစ်ပတ်လောက်ကြာမှတစ်ခါလောက်တောင်သွားချင်မှသွားရသည့် companyကို တစ်ခါသွားတိုင်း တစ်မျိုးဒုက္ခတွေ့သည်
မကြာခင်ကထွက်ထားသည့်စာအုပ်ကြောင့်လူလည်းတော်​တော်လေးနံမည်ကြီးသွားသည်

အောင်ပွဲခံမည်ဘာညာနှင့် ဌာနာမှူးက အခေါ်တော်ပြုချေသည်
အချိန်ကား မွန်းလွဲ ၃နာရီပင်ကျော်နေပြီ
Companyရောက်လျှင်ရောက်ချင်း ဌာနမှူးအခန်းသို့သုတ်ချေတင်လိုက်သည်

"ဒေါက် ဒေါက်''

"ဝင်ခဲ့''

တံခါးခေါက်လိုက်တော့ အလိုက်သင့်ပြန်ထွက်လာသည့် အသံခပ်သြသြ

"အော် သံသာကိုးရောက်ပြီလား လာထိုင်လေ''

"ဟုတ်ကဲ့''

ကျွန်တော့်ထက် အသက်နှစ်ဆလောက်ကြီးသူမို့ တလေးတစားဆက်ဆံရင်း ညွှန်ပြရာ စားပွဲဝိုင်းတွင်နေရာယူလိုက်သည်

" ဟို ညစာစားပွဲလုပ်ဖို့အတွက်ဆိုင်တွေဘာတွေရွေးပြီးပလားမသိဘူး''

"  အဲ့တာကိုတော့စိတ်မပူနဲ့ သံသာ အငယ်လေးတွေကအကုန်စီစဥ်ပြီးသား ဘယ်တုန်းကတည်းကသွားချင်နေတယ်မသိပါဘူး ဒါနဲ့ MTကိုယ်တိုင်လည်းလိုက်မယ်တဲ့ အဖွဲ့ထဲက အငယ်တွေက မင်းနဲ့ရင်းနှီးချင်လိုတဲ့ကွာ ''

ဌာနမှူးကရယ်ရယ်ပြောပြောနဲ့ဆိုတော့ ကျွန်တော်ပါသံယောင်လိုက်ရယ်မိသည်

"ဟုတ်ကဲ့ ကျွန်​တော်လည်းရင်းနှီးချင်ပါတယ် ဒီနားမှာ ဝယ်စရာရှိတာလာဝယ်ရင်း ဒီကိုတခါတည်းလာခဲ့တာ တော်​တော်စောနေသေးတယ် ''

Pass Away (Complete)  (Z+U)Where stories live. Discover now