part(7).......မျက်နှာမူရာ

186 18 0
                                    

လေပြေလေညင်းတို့ကသယ်ဆောင်လာသော ချစ်ရသူ၏ ကိုယ်သင်းရနံ့သင်းသင်းလေးကအစ ကျွန်တော့်ကို ထာဝရ မှေးစက်စေသည်

#ကိုး

"တီတောင်''

အစ်ကို့အိမ်ရှေ့ခြေစုံရပ်ပြီးတံခါးဖွင့်မည့်အချိန်ကိုစောင့်နေလိုက်သည်

"အော် ကိုးပါလား အိမ်ထဲဝင်အုန်းလေ''

"နောက်တစ်ခါမှပေါ့ babyကိုလာခေါ်တာ စျေးလည်းသွားရအုန်းမှာမို့''

"အန်တီချိုရောသက်သာရဲ့လား''

"အော်ဟုတ် သက်သာပါတယ်''

ထို့နောက်babyအားအိမ်ပြန်ခေါ်လာခဲ့သည်
ကိုကိုကြီးကလည်းအလုပ်သွားမည်မို့ အိမ်တွင်ကျွန်တော်နှင့်အန်တီချိုသာကျန်ခဲ့သည်

သိသည့်အတိုင်းအန်တီချိုက ကျန်းမာရေးသိပ်မကောင်းသည်မို့ ကျွန်တော်ကသာအိမ်မှူးကိစ္စလုပ်ရသည်

Babyကိုအိမ်ပြန်ခေါ်ပြီးနောက် စျေးသွားရသည်

ပြန်ရောက်တော့လည်း ချက်ပြုတ်ရင်းပင်အိမ်သန့်ရှင်းရေးလုပ်ရသေးသည်

အရင်လိုကျွန်​တော်လည်းမအားတော့တာမို့ ကိုကိုကြီးက နေ့လည်စာကိုအိမ်ပြန်စားသည်မှာ ကျွန်တော်အလုပ်ရကတည်းကပင်

ချက်ပြုတ်ပြီးစီးသည့်နောက် ရေချိုးသန့်စင်ကာ ရေးလက်စစာများကိုအပြီးသတ်ရသေးသည်

ကျွန်တော့်ရဲ့ပွဲဦးထွက်စာအုပ်ကလေးကမကြာခင်ထွက်တော့မည်မို့ အလုပ်ကိုဦးစားပေးနေရသည်

ပုံမှန်ဆို အွန်လိုင်းကနေသာ ကျွန်တော်တို့ရေးသမျှကိုဖြန့်ပေးသော်လည်း စာဖတ်သူတို့၏တောင်းဆိုမှုကြောင့် စာအုပ်ထုတ်ပေးမည်ဟုဆုံးဖြတ်ထားသည်

ထို့သို့ စာအုပ် design နှင့်ကိစ္စအဝဝကြောင့်အလုပ်ရှုပ်နေခဲ့သည်

Companyနှင့်အိမ်ကို ကူးကလန်ခတ်နေရသည်မှာ တစ်ပတ်ခန့်ရှိချေပြီ..........

စာအုပ်ထွက်ပြီးနောက် ဘယ်ကရသွားမှန်းမသိသည့် ကျွန်တော့် ဓာတ်ပုံက စာဖတ်သူတွေကြား နံမည်ကြီးခဲ့သည်
ကျိန်းသေ ကျွန်တော်ကချောလို့ပေါ့ဗျာ.........

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora