part(32).......တောင်ကြီးအသွားလမ်း

118 8 0
                                    

မြက်ရိုင်းများပေါက်နေသော ပန်းခင်းသည် အဆိပ်များရောနေသောဝိုင်လို အရသာရှိသော်ငှားခံစားမှုဆိုးစေ၏
ကိုးသည် ဝရံတာမှ ဆေးလိပ်ကိုတစ်ရှိုက်ဖွာရင်း အရိုင်းဆန်စွာပွင့်လန်းနေသော ပန်းခင်းအား မျက်စိတဆုံးကြည့်နေသည်
သူ၏မျက်ဝန်းတို့သည် အရင်လိုပေါ့ပါးခြင်း သွတ်လပ်ခြင်းကင်း၏
မှေးမှိုန်အရောင်ဖျော့ကာ လေးတွေးနေပုံရှိသည်

" ဟူးးးးးးးးးး''

သက်ပြင်းနှင့်အတူ အဆုတ်သို့မရောက်သေးသော ဆေးလိပ်ငွေ့များအား တဆုံးမှုတ်ထုတ်လိုက်သည်
ဆေးလိပ်ငွေ့တို့သည် အမြင်အာရုံကြား ကြာကြာမခံနိုင်စွာ လွင့်ဆင်ပြောက်ကွယ်ကုန်ကြသည်

သက်ပြင်းချသံကြောင့် အတွေးတို့သည်အတိတ်၏ပုံရိပ်တချို့ကို ပြန်လည်တွေးဆမိသည်

" ပင်ပန်းခဲ့သမျှကို ဟူးဆိုတဲ့လေနဲ့မှုတ်ထုတ်လိုက်တာ ဟီးးးး ''

သွားတက်လေးများပေါ်အောင် ကိုကို့အား သူမျက်နှာချိုသွေးခဲ့ဖူးသည်
သူ၏အဖြေကို ခပ်တည်တည်မျက်နှာထားနှင့်နားထောင်ခဲ့ဖူးသော ကိုကိုသည် သက်ပြင်းချခြင်းကိုဤသို့ဆိုဖူးသည်

" ဒီအချိန်လေးတွေကုန်သွားမှာကိုနှမြောမိလို့ ''
ဟူ၍ တွေးဆဆလေးဖြေဖူးသည်

ကိုးသည် သူ၏အတွေးနှင့်သူ ပါးချိုင့်များပေါ်အောင် ပြုံးမိသည်

သူမှတ်မိဆဲ မှတ်မိမြဲ အတိတ်တို့တွင် အလှဆုံးသောအတိတ်တစ်ခုဖြစ်သည်

ကိုးသည် တစ်လက်မကျော်အရှည်သာကျန်တော့သော ဆေးလိပ်တိုကို နှင်းစိုနေသော မြက်ခင်းပေါ်သို့လွှတ်ချလိုက်သည်
ထို့နောက် အခန်းထဲသို့ပြန်ဝင်သွားခဲ့သည်

ကိုကိုမရှိသည့်နောက်မနက်စာသည် ကြုံသလိုစားသော အစားအစာဖြစ်လာခဲ့သည်
ကိုးသည် ရေခဲသေတ္တာထဲမှ ပန်းသီးတစ်လုံးအား ရေးဆေးပြီး ပါးစပ်ထဲကိုက်လျက်တန်းလန်းပင် မကိုင်တော့သော ဖုန်းလေးအား ဝတ္တရားမပြက် ခေါ်လိုက်သည်

" တူ.......တူ........တူ.......''

ထုံးစံအတိုင်း ကိုင်သူမဲ့ဖုန်းသည် ကိုင်သူမဲ့အတိုင်းပင်

Pass Away (Complete)  (Z+U)Where stories live. Discover now