part(20).....ကစားစရာလား

145 8 0
                                    


" ပြန်ရောက်ပြီလား ကိုး ''

ဆိုင်ထဲဝင်ဝင်ချင်း မမမှုံလေးမှ နှုတ်ဆက်စကားဆိုသည်

" ဟုတ််တယ် မမမှုံလေး မနေ့ကတည်းကပြန်ရောက်တာ ''

မြင်နေကျအတိုင်း ကျက်သရေရှိစွာ မြန်မာ ဝတ်ဆုံလေးနှင့် ဆံပင်လေးစည်းထားသည့် မမမှုံလေးမှာ မရိုးနိုင်သော အပြုံးမျိုးနှင့်ပြုံး၏

" ကိုး ရုပ်ရှင် တက်ကြည့်အုန်းမယ် ''

" ကြည့်လေ ကိုးရဲ့ လိုချင်တာကို မှာခဲ့ ပြီးမှ မမပို့ပေးမယ် ''

" ဟုတ် ''

ကိုး ဘာကြောင့်မှန်းမသိ ရုပ်ရှင်ကြည့်ချင်စိတ်ပေါက်နေသောကြောင့် မမမှုံလေးဆိုင်သို့ထွက်လာခဲ့ခြင်းဖြစ်သည်
ကိုကို့ကိုလည်း ဖုန်းဆက်ထားသည်

အားလျှင် အတူတူ ရုပ်ရှင်ကြည့်ကြမည်ဟု
သို့သော် မက်ဆေ့ချ်တောင်ဝင်မဖတ်ပုံထောက်ရင် မအားလို့ပဲနေပါမည်လေ

ကိုး စီဒီများကိုရွေးရင် ခေါင်းခြောက်လာသည်
ထို့နောက် ဂျပန်ရုပ်ရှင်ကား တစ်ကားဖြစ်သည့် Hero ကိုကြည့်ရန် ဆုံးဖြတ်လိုက်သည်
ကိုး စီဒီလေးကိုကိုင်ရင်း ဆိုင်အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်
ကိုး ရုပ်ရှင်ကြည့်ရင်း သောက်ရန် အမေရီကာနို တစ်ခွက်မှာထားသည်ကို ခဏအကြာမှာ မမမှုံလေးက လာချပေးသွားသည်

ကိုး ထင်ခဲ့သည်က Hero ဆိုတဲ့အတိုင်း လူစွမ်းကောင်းကားဟုထင်ခဲ့သည်
သို့သော် ထိုသို့မဟုတ်......
ငယ်ငယ်ကတည်းက တည်ဆောက်လာခဲ့သည့် သူငယ်ချင်းနှစ်ယောက်၏သံယောဇဥ်မှာ တစိမ်းတစ်ယောက်ကြောင့် လွယ်လွယ်ကူကူဖြတ်တောက်ခံလိုက်ရသည့်အကြောင်းပင်

တခါတလေတွင် လူတွေဟာ သနားမိတာကို ချစ်မိပါတယ်လို့ အတွေးမှားတတ်ကြသည်
တခါတလေမှာ လူတွေဟာ အချစ်ကို ဘဝကြီးလို့ထင်တတ်ကြပြီး တခါတလေမှာ အသုံးမဝင်တဲ့အရာလို့လည်း ထင်တတ်ကြသည်

" အစ်ကို တစ်ယောက်တည်းလား ''

လှေကားထစ်ဆီမှ ကျော်ဖြတ်လာသည့် ရင်းနီးနေသည့် အသံ
ကိုးလှည့်ကြည့်လိုက်သည့်အခါ အသံပိုင်ရှင်က ပြုံးပြလာသည်

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora