part(17).......ညစာစားပွဲ

153 12 0
                                    


" ဘာလို့များကိုးကို စောစောကတည်းက မပြောရတာလဲ ကိုကို''

ခြံတွင်း ပန်းခြံထဲရှိထိုင်ခုံလေးတွင် ကလေးငယ်နှင့် ဘေးချင်းယှဥ်ထိုင်ရင်း ကလေးငယ်က မေးလိုက်သည်

ကြိုတင်မျှော်လင့်ထားခဲ့သည့် မေးခွန်းမို့ အထူးတလယ် တွေးမနေပါပဲ ပြန်ဖြေခဲ့သည်

" ကိုကို ကြောက်နေခဲ့မိလို့ပါ ကိုး''

တိမ်ဝင်သွားခြင်းတစ်စက်မရှိပါပဲ ခပ်ရှင်းရှင်းပင်ဖြေလိုက်သည်

" ဘာတွေကိုများကြောက်နေတာလဲ ''

ဒုတိယမြောက်မေးခွန်းကိုလည်း ကျွန်တော်တွေးပြီးသားပင်

" ကိုး စိတ်ဆိုးသွားမှာကိုလေ ကိုကိုက ကိုးကိုထားခဲ့တာမလား ကိုးစိတ်ဆိုးနေမယ်ထင်လို့ပေါ့ ''

မြင့်မိုရ် ထိုသို့ဆိုလိုက်တော့ ကိုးသည် ဟက်ခနဲရယ်လိုက်သည်

ရယ်သံနှင့်အတူ ပေါင်ကို လက်ဖဝါးသေးသေးလေးဖြင့် နှစ်ချက်လောက်ရိုက်လိုက်သေးသည်

" ကိုးတို့က ကိုယ်ပိုင်ဘဝတွေနဲ့မွေးဖွားလာတာမဟုတ်ခဲ့ဘူးလေ ကိုကိုရယ် စေချင်ရာစေလို့ရခဲ့ကြတဲ့ ဘဝတွေမှ မဟုတ်ဘဲ ကိုးနားလည်ပါတယ် ''

ရင့်ကျက်မှုတွေတပွေ့တပိုက်နှင့် ဆိုလာသည့် ကလေးငယ်အား မြင့်မိုရ် ငေးကြည့်နေမိသည်

မြင့်မိုရ်သည် ကလေးငယ်၏ မျက်နှာအား အချိန်အတန်ကြာစိုက်ကြည့်နေသည်မို့ ကလေးငယ်မှာ နေရခက်လာသည်

တဖြည်းဖြည်းရဲလာသော ပါးပြင်လေးများမှာ ရှက်နေပါကြောင်း သက်သေပင်

" ဘာလို့ အဲ့....အဲ့လောက်ကြည့်နေတာလဲ ''

ကလေးငယ်သည် မပွင့်တချက်ပွင့်တချက်နှင့် မျက်လုံးလေးဝိုင်းကာ မြင့်မိုရ်အားမော့ကြည့်ရင်းဆိုသည်

ထိုအခါမှ မြင့်မိုရ်သည် ' ကြည့်လို့မရဘူးလား' ဟူသော သဘောဖြင့် ပုခုံးနှစ်ဘက်ကိုအနည်းငယ်ပင့်ပြလိုက်သည်

ထိုအမူအရာကြောင့် ကလေးငယ်ပိုရှက်သွားသည်ထင်သည်

နားရွက်လေးများပါ နီနီရဲလာတော့မှ မြင့်မိုရ် ဆက်မစတော့ဘဲ မတ်တပ်ရပ်သည်

Pass Away (Complete)  (Z+U)Where stories live. Discover now