အကို့အချစ်ဟာသူပေါ့
# ကိုး
" အားလား ကိုး ခဏလောက်အပြင်ထွက်လာခဲ့ပေးပါလား ''
လူကိုတနေကုန်ပြစ်ထားပြီး ယခုမှ အားလားလာလုပ်နေသည့် လူဆိုးကြီးကို ကျွန်တော် ချက်ချင်းပြန်မဖြေဘဲ အင်တင်တင်လုပ်နေခဲ့သည်
ခဏမျှကြာတော့ စိတ်မရှည်သည့်လေသံနှင့် ခပ်မြန်မြန်မေးလာသည်" အားလားလို့ ကိုယ်တွေ့ချင်လို့ပါကွာ နာရီဝက်ပဲ မဟုတ်ဘူး ဆယ့်ငါးမိနစ်ပဲ ခဏဆင်းလာခဲ့ပါနော် ''
" ကိုကိုကြီးဆေးရုံတက်နေလို့ အိမ်မှာ ကိုးနဲ့အန်တီချိုပဲရှိတယ် ကိုးလာရင် အန်တီချိုကအိမ်မှာတစ်ယောက်တည်းရယ် သိရဲ့လား ''
" ခဏလေးပဲလေနော် နော်လို့ ''
" ဂါးးးးးဘယ်လိုတောင် ဂျစ်တိုက်နေရတာလဲ တနေကုန်ပြစ်ထားပြီးခါမှ လာခဲ့မယ် ခြံရှေ့မှာစောင့်နေ ''
ခဏဟုဆိုသောကြောင့် ကျွန်တော် အနွေးထည်မဝတ်ဘဲ ဆင်းလာခဲ့သည်
အန်တီချိုမမြင်အောင် ခြံထဲမှ ခိုးကာဝှက်ကာ ကုတ်ချောင်းချောင်းနှင့်ဆင်းလာခဲ့သည်
ခြံရှေ့ရောက်သည့်အခါ မားမားကြီးရပ်ပြီးပြုံးနေသည့် ချစ်ရသူကစီးကြိုသည်" လာ လမ်းထိပ်ထိ လမ်းလျှောက်ရအောင် ''
လက်ကိုဆွဲကာ လမ်းလျှောက်မည်ဟုပြောနေသူကို ကျွန်တော်နားမလည်နိုင်
အချိန်အားဖြင့် ည၁၀နါရီကျော်နေပြီး ဒီအချိန်လမ်းလျှောက်မည်ဟုပြောနေသည်မှာ မထူးဆန်းဘဲမနေနိုင်" ဘာကိစ္စလမ်းလျှောက်မှာလဲ ''
"ဘာကိစ္စမှမရှိလို့ကိုလမ်းလျှောက်မှာ ဘာကိစ္စိဘာပျော်စရာမှမရှိဘဲ ဒီတိုင်းလမ်းတူတူလျှောက်ချင်ရုံပဲ ဘယ်လိုလဲ လိုက်မလား ကိုယ်ရှိတဲ့အရပ်ကို''
ကျွန်တော့်ရှေ့တွင် ရပ်ကာ လက်ကမ်းပေးလာသည့် ကိုကို
မဝင့်မရဲနှင့် လက်လေးထိုးပေးလိုက်သည့်အခါ လူကိုအတင်းဆွဲဖက်ထားသည်" ဘာအစီအစဥ် ဘာကိစ္စမှမရှိဘဲ ကလေးနဲ့အတူ လျှောက်သွားပစ်ချင်တယ် ကလေးလက်လေးကိုခုလိုကိုင်ပြီး မျက်နှာမူရာလျှောက်သွားကြမယ် ''
ESTÁS LEYENDO
Pass Away (Complete) (Z+U)
RomancePass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...