part(26)......ရှုမြင်သူများ

144 9 0
                                    

" ကျွန်​တော့်ကိုချစ်လား ''

" ရင်ဘတ်ကြီးနဲ့နင့်နေအောင်ပဲ ''

" ကျေနပ်တယ် ''

မနက်နိုးလာကတည်းက စိမ်းကားစွာ ကျွန်တော်ဟုသုံးနှုန်းသည်

အပြစ်မဖို့ချင်တာမို့ လွှတ်ထားပေးခဲ့သည်

ရှိသမျှအလုပ်ပြစ်ကာ ဆေးရုံတွင် ကလေးငယ်နှင့်အတူတူရှိနေပေးခဲ့သည်

စွတ်ပြုတ်တစ်ခွန်းခွန့်တိုင်း မေးခွန်းတစ်ခုမေးနေတော့သည်

ဥပမာ-ချစ်လားဟူ၍

" မနေ့ညက ဘယ်ရောက်နေတာလဲ ကျွန်တော်နိုးတော့ ကိုကို့ကိုမတွေ့ဘူး ''

ရင့်သီးသည်မဟုတ်သော်လည်း နားထဲစိမ်းသက်နေသည့် ကျွန်တော်ဟူသော နာမ်စားကြောင့် မြင့်မိုရ်စိတ်ထဲ စနိုးစနောင့်ဖြစ်ရသည်

" အိမ်ပြန်ပြီး ကိုးအတွက်လိုတာလေးတွေယူနေတာလေ ''

" ကျေနပ်တယ် ''

ကျေနပ်တယ်တစ်ခွန်းပြောကာ ပါးစပ်လေးဟပေးချိန် စွတ်ပြုတ်တစ်ဇွန်းအမီတိုက်ရသည်

မဟုတ်လျှင် မစားဘူးဟု ဂျီကျတတ်သည်ကို မြတ်မင်းမောင်မှတဆင့် သတိပေးစာရထားသည်

" ကျွန်တော့်ကြောင့်အလုပ်နားလိုက်တာလား ''

" ကိုးလေးက ကိုယ့်ဘဝပါ အလုပ်ဆိုတာ ဖေကြီးတို့ကိုကျေးဇူးဆပ်ချင်ရုံပဲ ကိုးလေးကိုချစ်တယ်ပြောပြီး ဒီလောက်တော့ကိုယ်လုပ်ပေးနိုင်ရမှာပေါ့ ''

" ကျေနပ်တယ် ''

သူကျေနပ်စေရန် စကားကိုအနူးညံ့ဆုံးဆိုသည်ကိုရှာဖွေသုံးနှုန်းနေရသည်

" ညကျရင် ကိုကိုဘယ်မှာအိပ်မလဲ ကျွန်တော့်ကုတင်ကကျင်းကျင်းလေးရယ် ''

လူနာကုတင်လေးအား လက်နဲ့တိုင်းကာ ဆူပုတ်ပုတ်ပြောလာသည်

" ကိုယ်အနားမှာပဲရှိနေမှာ ကိုးလေးစိတ်ပူမနေနဲ့ ''

" အိုကေ ကျေနပ်တယ် ''

စားလို့ကုန်သွားသည့် စွတ်ပြုတ်ပန်းကန်ကိုဆေးလိုက်သည်
သောက်ရန်ဆေးများကိုရှေ့ချပေးသည့်အခါ ဂျီကျမည်ဟုထင်ထားသော်လည်း မတူကွဲပြားစွာ နာခံသည်

Pass Away (Complete)  (Z+U)Where stories live. Discover now