part(30).....အတိတ်တချို့အားမေ့ခြင်း

122 9 0
                                    


မျက်ရည်များကုန်အောင်ငိုလိုက်ပါလေ

# ဥက္ကာ

ကြောက်မက်ဖွယ်အိမ်မက်ထဲမှ ရုံးထွက်ရန်ကြိုးစားရင်း လူဟာချွေးများဖြင့် လုံးပန်းနေသည်
တူကြီးကြီးနဲ့ထုခံထားရသလို ဦးခေါင်းခွံတွေကပါအတွင်းသားနှင့်အတူ အလိုတူအလိုပါ ကိုက်ခဲနေသည်
ခေါင်းအားဖိကိုင်ထားသောလက်တွင် ဆေးထိုးအပ်တန်းလန်းနှင့်ဖြစ်သည်
ပြင်းလွန်းသည့်ဆေးနံ့ကြောင့် မျက်လုံးများမဖွင့်မီ မျက်မှောင်အရင်ကျုံ့မိသည်

အလိုမကျခြင်းတို့အားစုပြုံလာသည်

မျက်လုံးကိုအားတင်းဖွင်ချိန်အလင်းစူးစူးကြောင့် ပြန်မှိတ်ထားလိုက်ရသည်

အခန်းမီးကိုဖွင့်ထားသည်နေမည်
မျက်လုံးထဲ စူးခနဲပင်

အနားမှတရှပ်ရှပ်ခြေသံကြောင့် အကူအညီရလိုရငှားအသံပြုလိုက်သည်

" အနားကဘယ်သူလဲ ''

သြရှရှသူ့အသံသာ အခန်းတွင်းပဲ့တင်ထပ်သွားသည်

" ဘယ်သူလဲလို့မေးနေတယ် ''

ဒုတိယမြောက်ခေါ်လိုက်သည့်အခါ ထိုခြေသံသဲ့သဲ့မှာအနားတိုးကပ်လာသည်

" ဘာများအလိုရှိလို့လဲ လူနာ ''

male nuse တစ်ယောက်၏ဖြေသံကို သူရှင်းရှင်းလင်းလင်းကြားလိုက်ရသည်

" မီးပိတ်ပေးပါ အခန်းမီးပိတ်ပေး ''

ခွင့်တောင်းသံအဆုံးတွင် မီးခလုတ်နှိပ်သံကိုကြားလိုက်သည်မို့ မျက်လုံးဖွင့်ကြည့်လိုက်သည်

ဆေးရုံ၏ private အခန်းတစ်ခန်းဖြစ်သည်
အခန်းတွင်းတွင် မြင့်မိုရ်နှင့် ထို male nuse တစ်ယောက်သာရှိသည်
အခန်း၏ ထောင့်ရှိစားပွဲဝိုင်းတွင် မရှုမငြီး၏ခြုံပုဝါလေးတစ်ထည်မှာ လွှားတင်ထားသည်ကိုတွေ့ရသည်

" အဲ့အမျိုးသမီးရော ''

ခြောက်ကပ်ကပ်လည်ချောင်းကိုအားပြုကာ ခြုံပုဝါအပြာလေးအားလက်ညိုးထိုးမေးလိုက်သည်

" ဆရာဝန်ကြီးရုံးခန်းမှာပါ ခဏနေပြန်လာပါလိမ့်မယ် ''

ကိုယ်ပေါ်ရှိ အဖြူရောင်လူနာဝတ်ဆုံကိုငုံ့လျှိုးကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်ရသည်

Pass Away (Complete)  (Z+U)Hikayelerin yaşadığı yer. Şimdi keşfedin