part(2)........မောင်

1.1K 43 0
                                    

ကျွန်မရဲ့အသက်ရှင်သန်ခြင်းသည်မောင့်ကြောင့်သာ
မောင်မရှိသည့်နောက်အသက်ရှင်ရခြင်း တို့ကားအဓိပ္ပါယ်မဲ့သည်
#ရှုမငြီး

အရိုးထဲထိစိမ့်အေးစေသောညနေခင်းတစ်ချို့ကအလုပ်ရှုပ်သည်
ပြတင်းမှန်အပြင်မှမြင်နေရသည့် နေလုံးဝိုင်းဝိုင်းကြီးကလဲတောင်တွေကြားမေးတင်နေချေပြီ
စိတ်လှုပ်ရှားမှုကြောင့်ခြေဖနောင့်ကိုမြှောက်ကာမြှောက်ကာဖြင့် တိုင်ကပ်နာရီကိုလည်းမော့မော့ကြည့်နေရသည်
အဖြူရောင်စွယ်တာပါးပါးကိုလုံအောင်ဆွဲစိရင်းလူနားအားနေရာချထားပေးနေလိုက်သည်
"ရှု..... နင်မသွားသေးဘူးလား တော်ကြာဟိုတစ်ယောက်ကစိတ်ကောက်နေအုန်းမယ်''
ရုတ်တရက်အနောက်ဘက်မှစူးထွက်လာသောအသံကြောင့် လှည့်ကြည့်လိုက်သည်
ဟော.......စီနီယာမမဖြူကိုးးးး
ပြန်မဖြေဘဲပြူးတူးကြောင်တောင်နှင့်ကြည့်နေသောကျွန်မအား မမဖြူကလက်မောင်းကိုရိုက်ကာဆက်ဆိုသည်
"ကဲ ရှုသွားတော့ dutyက အမဆက်ကြည့်လုပ်လိုက်မယ်''
"ဟုတ် ဟုတ်ကဲ့အမ ကျေးဇူးလည်းတင်ပါတယ်''
မမဖြူကစီနီယာမို့ ဆူငေါက်တတ်သောလည်း ဒီလိုနေရာမျိုးတွေ၌နှစ်ယောက်မရှိအောင်သဘောကောင်းသည်
မမဖြူကျေးဇူးနဲ့ ဆေးရုံထဲကနေအမြန်ပြေးထွက်လာခဲ့သည်
ကားပါကင်ကိုအမြန်ပြေးသွားလိုက်သည်
တရိပ်ရိပ်ပြေးနေသောကားလေးကအဝေးပြေးလမ်းမထက် မြန်မြန်သုတ်သုတ်မောင်းလိုက်ခဲ့သည်
ကားမောင်းနေရင်းမှန်မှတဆင့်တောင်တန်းတွေဆီငေးမိသည်
ခရုဆီရောင်သန်းနေသောကောင်းကင်ကြီးနှင့်
လမ်းမီးဓာတ်တိုင်တွေ
လမ်းတစ်ဖက်မှာတိုက်တွေအိမ်တွေရှိသော်လည်း ကျန်တစ်ဖက်ကတော့သိပ်လှသည့်တော်တန်းတွေနှင့်မြစ်ကြီးတစ်ဆင်း.....
လက်တစ်ဖက်ကို တံခါးဘောင်သို့တင်လိုက်ရင်း ဘေးထိုင်ခုံပေါ်ရှိ စွယ်တာအဖြူလေးအားငေးကြည့်ကာပြုံးမိသည်
အရိုးထဲထိအေးလာတတ်သောရာသီဥတုကိုမခံစားနိုင်သည့် မောင့်အတွက်စွယ်တာလေးတစ်ထည်ကမပါမဖြစ်
မောင်............
မောင့်အကြောင်းတွေးမိတိုင်းအပြုံးတို့ကတော့ဖြစ်ထွန်းမြဲ
မောင်နဲ့ကျွန်မကငယ်ငယ်ကတည်းကသိကြသည်
သွားအတူလာအတူနှင့်မိသားစုချင်းလဲရင်းနှီးကြသည်
University ရောက်ကတည်းကတွဲလာကြသည့်
ကျွန်မနဲ့မောင်ရဲ့ relationship မှာခြောက်နှစ်ကျော်ချေပြီ
မောင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်
ကျွန်မက သူနာပြုတစ်ယောက်...........
ကျွန်မဦးလေး၏ဆေးရုံမှာအလုပ်လုပ်ကတည်းကမောင်သည် ကျွန်မဆီသို့တစ်လတစ်ခါအရောက်လာသည်
ယခုလည်းလကုန်ရက်ပင်...............
အရပ်အနားမရှိဘဲ လေဆိပ်သို့ဦးတည်မောင်းနှင်လာခဲ့သည်
လက်တစ်ဖက်မှမောင့်စွယ်တာလေးကိုကိုင်ကာအမြန်လျှောက်လာလိုက်သည်
ကျွန်မစောသည်
လေယျာဥ်ဆိုက်ဖို့ရန် နာရီဝက်မျှလိုသေးသည်
ဟိုတစ်ခုဒီတစ်စုနှင့်ထိုင်နေကြသည့်လူတွေကြားကျွန်မဝင်ထိုင်လိုက်သည်
သူနာပြုဝတ်စုံပင်မလဲခဲ့ရ
သို့သော်ကိစ္စမရှိ
မောင်က ကျွန်မ uniform ဝတ်ထားချိန်တိုင်းသဘောတကျငေးကြည့်နေတတ်သည့်သူလေ.........
မောင်ကအရာရာပင်.........
ကျွန်မ၏အတွေးတို့နှင့်လှုပ်ရှားမှုတိုင်းသည်မောင့်ကြောင့်သာအသက်ဝင်နေရခြင်း
လေယျာဥ်ဆိုက်ချိန်ထက် တစ်နာရီလောက်နောက်ကျနေပြီမို့ ထိုင်နေရာမှထကာ ခဏအညောင်းဖြေလိုက်သည်
အပြင်လောကမှာလဲ အမှောင်တိတိ.........
လေယျာဥ်ကွင်း၌လဲလူတို့ကဆဲမသွားသေး
အညောင်းဖြေရင်းသန့်စင်ခန်းဘက်သို့ထွက်လာခဲ့လိုက်သည်
ကျွန်မပြန်ထွက်လာချိန် လေယျာဥ်ကွင်းတစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်နေကြသည်
ငိုသူကငို.............
ဖုန်းကိုအသည်းအသန်နှိပ်သူကနှိပ်.........
လူတိုင်းမျက်နှာ၌ထိတ်လန့်မှုတို့က အကဲခတ်စရာပင်မလိုအောင်ပေါ်လွင်နေသည်
ဘာလဲ.......
ဘာဖြစ်ကြတာလဲ........
အနားရှိလူတွေကိုမေးသော်လည်းပြန်ဖြေရန်ပင် အာရုံမလာကြ
ဖုန်းတွေဆက်ကာငိုနေကြသူကငိုနှင့် အလန့်တကြားပါးစပ်အဟောင်းသားဖြစ်နေကြသူကဖြစ်နှင့် ..........
အနားရှိလူတစ်ယောက်ကိုလက်ကုတ်ကာမေးလိုက်သည်
"ဘာတွေဖြစ်နေတာလဲဟင်''
"*****''
ဖြေလိုက်သည့်အဖြေကနားထဲပဲ့တင်ထပ်နေသည်
တစ်ဆက်တည်းမှာပင်အမြင်အာရုံတို့က ဝေဝါးလာသည်
"Ring ring''

Pass Away (Complete)  (Z+U)Onde histórias criam vida. Descubra agora