part(27).....အစွန်းရောက်သူ

125 8 0
                                    

ချစ်သည်ဆိုသည်ထက် အရုံးပေးကာအသက်ပေးပါ၏ဟုကြွေးကြော်နေသော အစွန်းရောက်သူတစ်ယောက်လို ဖြစ်နေပါပြီ

#မြင့်မိုရ်

ဆောင်းညများကိုဖြတ်သန်းရင်း နွေညများထဲခိုလှုံခဲ့သည်

အေးစက်စက်လေထုသည် ယခင်ကနှင့်ကွဲလွဲစွာ နွေးထွေးရူးခါလာသည်

ကျူးလစ်များသက်တန်းကုန်ချိန်တွင် အမီစိုက်ပျိုးခဲ့သည်က chocolate cosmos များသာဖြစ်သည်

ကလေးငယ်ကိုယ်တိုင် ဦးဆောင်စိုက်ပျိုးထားသည့် chocolate cosmos များမှ ညင်းသွဲ့လေးပြေနောက် ကပ်ပါလာတတ်သော chocolate နံ့သင်းသင်းများက တစ်အိမ်လုံးနေရာယူသည်

ကလေးငယ်နှင့်အတူ မနက်မိုးလင်းပန်းခြံထဲလမ်းလျှောက်ထွက်တိုင်း ကလေးငယ်၏ နှုတ်ခမ်းရဲရဲတို့မှ မပွင့်တပွင့် ပြောတတ်သေးသည်

" chocolate cosmos ရဲ့ အဓိပ္ပါယ်က ' ကိုယ်ကမင်းကို တစ်ခြားသူတွေထက်ပိုချစ်နိုင်တယ် ' တဲ့ ''

ညင်းဖွဲ့ဖွဲ့လေအေးကြား ကလေးငယ်၏ မတိုးမကျယ်လေသံလေးကြောင့် အချိန်တိုင်းပြုံးရသည်

ချစ်သူဆိုသည်ထက် သူငယ်ချင်းတစ်ယောက်လို ၊ ညီအစ်ကိုတစ်ယောက်လို ၊ ဖခင်တစ်ယောက်လို နွေးထွေးလူခြုံသည့် မြင့်မိုရ်ရင်ခွင်တွင် သူစိတ်ချယုံကြည်စွာ နားခိုခဲ့သည်

ကလေးငယ်သည် မြင့်မိုရ်ရှိသည်ဟူသော အားသာချက်ကြောင့် အိမ်တွင် ​ကြိုက်သည့်နေရာ၌ ထိုးမှောက်အိပ်တတ်သည်

တခါတရံ စာရေးစားပွဲ၌ ၊ တခါတရံ ဧည့်ခန်းဆိုဖာ၌ ၊ တခါတရံ ရေချိုးဇလုံထဲ၌ အိပ်ပျော်သွားတတ်သည်

အသံမကြား၍လိုက်ရှာမိတိုင်းအိပ်ပျော်နေသည်ကိုတွေ့ရ၍ အမြဲချီပိုးကာ အိပ်ရာထက်နေရာချပေးရသေးသည်

နောက်မလုပ်ရန် ဆုံးမသည့်အခါတိုင်းတွင်လည်း ကပ်ချွဲနှပ်ချွဲအသံဖြင့်

" ကိုကိုရှိနေတာပဲ '' ဟု အသဲယားအောင်ပြောတတ်သေးသည်

ကလေးငယ်နှင့်အတူနေလာရင်းက ကလေးငယ်၏ ချစ်စရာကောင်းသော အကျင့်လေးများနှင့် စိတ်ကွက်စရာကောင်းသည့် အကျင့်လေးများကိုပါ သိလာရသည်

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora