ကျွန်တော့်ရဲ့ဘဝအစိတ်အပိုင်းတော်တော်များများကပျက်စီးလွယ်သည်
သို့သော် ထိုအစိတ်အပိုင်းထဲခဗျားလေးမပါစေရ
#မြင့်မိုရ်မှောင်သည်
အမှောင်ထုတို့ကပို၍နီးကပ်လာသည်
ဆေးနံ့တွေမွှန်ထွန်နေသည့်နေရောင်ပျပျသာမြင်ရသေးသောဆေးရုံလျှောက်လမ်းကြားခုံတွင်ထိုင်နေသည်မှာ နာရီပိုင်းမျှကြာချေပြီ
ရှုပ်ပွနေသည့်ဆံသားတို့အားလက်တစ်ဖက်
ဖြင့်သပ်တင်မိသည်မှာအကြိမ်ကြိမ်အခါခါတုန်ရီနေသည့်လက်တစ်စုံက ဆေးစာရွက်ပါးပါးလေးကိုကျစ်နေအောင်ဆုပ်ကိုင်ထားသည်
ကျွန်တော်အိမ်မက် မက်ခဲ့ဖူးသည်
ထိုအိမ်မက်တွေအတိုင်းဘဝကိုတည်ထောင်ခဲ့ဖူးသည်
အချိန်များစွာအင်အားများစွာထည့်သွင်းတည်ဆောက်ထားသည့် အရာရာသည် ထိုစာရွက်ပါးပါးလေးကြောင့်ပျက်စီးရသည်မှာ ခံစားရခက်လှသည်
ထူထဲနက်မှောင်နေသောမျက်ခုံးတွေတွန့်ကျိုးသည်အထိ ကျုံ့ထားမိသည်
အံကိုတင်းနေအောင်ကြိတ်ကာ အကျမခံနိုင်သောထိုမျက်ရည်များကို ပုတ်ခတ်ကာပင်သိမ်းဆည်းထားလိုက်သည်
အသက်ရှုသံပျပျသာကြားနေရသည့် လူလျှောက်လမ်းမှာ ကျွန်တော်တစ်ယောက်တည်း
တစ်နာရီနီးပါးကြာအောင်ထိုင်နေမိသောဤထိုင်ခုံမှာ နာကျင်နေလောက်ချေပြီကျွန်တော်မုန်းသောဆေးနံ့တို့ဝေးရာ တစ်နေရာသို့ ကားမောင်းလာခဲ့လိုက်သည်
တကယ်ဝေးသထက်ဝေးရာသို့
ပျက်းစီးခြင်းနှင့်တုတ်နှောင်ထားသည့်သေဆုံးခြင်းတို့က ကျွန်တော့်နောက်နားကိုရောက်နေချေပြီ
လက်မခံနိုင်
မက်ခဲ့ဖူးသည့်အိမ်မက်များ
တောင်းခဲ့ဖူးသည့်ဆုများ
မကိုင်တွယ်ရက်ခဲ့သည့်အရာများ................
ကျွန်တော်ကလက်လွှတ်ရမည်တဲ့လား
ဟင့်အင်
ESTÁS LEYENDO
Pass Away (Complete) (Z+U)
RomancePass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...