part(5)..........အချိန်

293 21 0
                                    

တစ်စုံတစ်ယောက်ကိုကောင်းစေလိုသောစိတ်ကြောင့်ရွေးချယ်ခဲ့သည်
မှားယွင်းသွားခဲ့ရင်တောင် ထိုသူ့အားစိတ်မကွက်လိုပါ

# မှုံ

အူဝဲဆိုသည့်ချစ်စရာအတိနဲ့အော်သံလေးကိုအော်တတ်တဲ့အရွယ်ကစကာ ကျွန်မဘဝကို ရွေးချယ်မှုတွေနဲ့စတင်ခဲ့ရသည်

သဘောထားမတိုက်ဆိုင်တဲ့ဖေဖေနဲ့
မေမေက
အိမ်ထောင်ရေးကိုပြတ်ဆဲလိုက်သည်

မေမေကမြန်မာနိုင်ငံမှာအခြေ ချပြီး ဖေဖေကတော့ကနေဒါကိုပြောင်းသွားခဲ့သည်

ကျွန်မကရော...........

လသားလေးသာရှိသောကျွန်မကတော့
အဘွားဆီမှာကျန်ခဲ့ရသည်......

ဘွားရဲ့အိပ်ရာဝင်ပုံပြင်တွေနဲ့သာကြီးပြင်းလာခဲ့ရသည်

ဘွားရဲ့ သင်ကြားမှုတွေကြားမှာသာ လူလားမြောက်ခဲ့သည်

နို့မှုန့်နဲ့သာနေသားကြခဲ့ရပြီး မေမေ့ရင်ခွင်ဆိုတာဘယ်ဆီနေမှန်းမသိ

ဆုပ်ကိုင်မိရာတွယ်တာမိရာလေးဟူ၍ အဘွားနဲ့မြတ်သာကျွန်မမှာရှိသည်
အဘွားနဲ့မြတ်ရဲ့မိဘတွေရင်းနှီးတာမို့ ကျွန်မနဲ့မြတ်ကခဏခဏတွေ့ဖြစ်ကြသည်

ခဏခဏအိမ်လည်လာတတ်သည်

ခဏခဏရယ်မောရသည်မှာလည်းမြတ်ကြောင့်သာ

ထို့နောက်ကျွန်မတို့ကျောင်းတက်ရွယ်လေးတွေ
ရောက်လာကြသည်
သူငယ်ချင်းအုပ်စုလေးတစ်ခုကိုရခဲ့သော်လည်း ကျွန်မကမြတ်နဲ့သာအရင်းနှီးဆုံး၊
မြတ်ကလည်းကျွန်မနဲ့သာအရင်းနှီးဆုံးဖြစ်လိမ့်မည်

ကျွန်မမိဘတွေထံမှပိုက်ဆံတွေလစဉ်ရခဲ့သော်လည်း ကျွန်မလိုချင်တာကပိုက်ဆံမှမဟုတ်ချေဘဲ

သန်မာချင်ယောင်ပြီး အမြဲရင့်ကျက်သည့်ပုံဖြင့်နေသော်လည်း မြတ်ရှေ့ရောက်ရင်တော့ ဟန်ဆောင်ထားသည်တို့က သဲထဲရေသွန်ပင်

အမြဲအထီးကျန်လို့အော်ဟစ်ငိုရိုတိုင်းမြတ်က ဖက်ထားပေးတတ်သည်

အမြဲတောင်းတနေသော မိသားစုဆိုတာလေးကိုမြတ်ကသာ ဖြည့်စည်းပေးတတ်သည်

Pass Away (Complete)  (Z+U)Où les histoires vivent. Découvrez maintenant