part(21).....မှုံ

127 9 0
                                    


ဓားတစ်ချက်နှင့်ဆောင့်ထိုးခံလိုက်ရသလို အားအင်မဲ့နေသည်
ပြောစရာမဲ့နေသည်............
လမ်းစပြောက်နေသည်.........

အသိကပ်နေချိန် လက်ထဲဆွဲမြဲစွာဆုပ်ကိုင်ထားသည့် အရက်ပုလင်းကို ခွက်မပါဘဲ ဖိတ်တဝက်ဆင်တဝက်မော့ချမိနေသည်

ရေချိုးဇလုံထဲထိုင်နေသည်မှာ အချိန်မည်မျှကြာသွားမှန်း မသိအောင် ရေချိုးဇလုံထဲမှ ရေနွေးများဟာ အေးကုန်ပြီ

ကလေးဆန်လိုက်တာ............

ပူလောင်မှုကို ဖျက်သိမ်းပါရန် ဤသို့ကလေးဆန်သည့်လုပ်ရပ်မျိုးလုပ်နေမိသည့် ကျွန်တော်ဟာ  သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်

ကျွန်တော်ဟာ အချစ်နဲ့ပတ်သတ်ပြီးနောက် ကလေးဆန်သည့်အရာများကို ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ လုပ်မိနေပြီးပြီ

အချစ် အချစ် အချစ် ဆိုပြီး ခေါင်းစဥ်တပ်ကာ ကျွန်တော် ရူးမိုက်နေဆဲ ၊ မွန်းကျပ်နေဆဲ ၊ မှားယွင်းနေဆဲပင်
အသက်အရွယ်နှင့်မလိုက်အောင်ပေါ့

စားသောက်ဆိုင်မှာ ကိုမင်းနှင့် တွေ့သည့်ကိစ္စ ကျွန်တော် လျှော်ပေးခဲ့သည်
ထားလိုက်တော့ ဆိုသည့် ပြီးစလွယ်စိတ်နှင့်မဟုတ်ပါဘဲ လူကြီးဆန်ဆန် နားလည်ပေးလိုက်သည်

မနေ့က ကျွန်တော့်အလုပ်သမားတစ်ယောက် ရုံးတွင် ဒဏ်ရာရသောကြောင့် အလုပ်ရှင်ကျွန်တော် ကိုယ်တိုင် ဆေးရုံပို့ပေးခဲ့သည်

ဆရာဝန်နှင့် စကားသေချာပြော ၊ ငွေပေးချေပြီးသည့်နောက် ကျွန်တော်  မြင်လိုက်ရသည့် မထင်မှတ်ထားသောသူတစ်ယောက်

မှုံဟာ ကိုမင်းနှင့်အတူ ဆေးရုံ counter တွင်ငွေချေနေသည်ကို ကျွန်တော်တွေ့လိုက်သည်

အားပျော့စွာ ခပ်ရေးရေးလေးပြုံးနေသည့် ကိုမင်းဘေးတွင် ဝမ်းဆက်မိုးပြာရောင်လေးနှင့် မတ်တပ်ရပ်ကာ အပြုံးတို့ကို တုန့်ပြန်နေသည့် မှုံ

ကျွန်တော် ချက်ချင်း ဖုန်းထုတ်ကာ ဆက်လိုက်သည်

" ဟယ်လို ''

ကျွန်တော့် မျက်စိရှေ့တွင် ရှိနေသည့် မှုံကလည်း ဖုန်းထုတ်ကာကိုင်လိုက်သည်

Pass Away (Complete)  (Z+U)Onde histórias criam vida. Descubra agora