ကျွန်တော်ဟာလူဆိုးဖြစ်နေရင်တောင်ချစ်မည်ဆိုသည့် သူကြောင့် ဘဝကပြည့်စုံသလိုခံစားရသည်# ကိုး
အရှိန်မြင့်မောင်းလာသည့်ကားတစ်စီးကကျွန်တော်တို့ကားကို မဆင်မခြင် ကျော်တက်သွားသည်
ထိုသည်ထက် ကားရှေ့တွင် breakကိုအုတ်ချင်သလိုအုတ်ကာ ကားဖျက်ယားဖျက်လုပ်နေသည့် ပြိုင်ကားကို ကျွန်တော် ဟွန်းအကျယ်ကြီးတီးလိုက်သည်ကားကိုကြည့်လိုက်ရုံနှင့် ဘယ်အကောင်မှန်းတန်းသိလောက်အောင် အကုသိုလ်အပြည့်နှင့်စိတ်ပျက်စရာကောင်
ရှေ့ကကားမှ ရုတ်တရက် break အုတ်လိုက်သောကြောင့် ကျွန်တော်အပါအဝင် ကိုကိုနှင့်ညီပါ ရှေ့သို့ပြေးဆောင့်ကုန်ကြသည်
ကျွန်တော်နှုတ်ခမ်းအနည်းငယ်ကွဲသွားသည်ကိုစိတ်မဆိုးသော်လည်း ကိုကို၏နှဖူးမှသွေးစများကိုအမြင်တွင် ကျွန်တော် တအားစိတ်ဆိုးမိသည်
ဒါဟာ တမင်သက်သက်လုပ်တာပဲ............
မကြာပါ ကျွန်တော်တို့ကားရှေ့တွင် တိခနဲထိုးရပ်လိုက်သည့်ပြိုင်ကား
ကျွန်တော်လည်း စိတ်ပေါက်ပေါက်နှင့် ကားရပ်ကာ ကားထဲမှထွက်လာခဲ့သည်
လက်ထဲတွင်လည်း အနားရှိ အုတ်နီခဲကျိုးကိုကောက်ကိုင်ထားသည်
ကျွန်တော်ကားပေါ်မှဆင်းသွားလျှင်ဆင်းသွားချင်း ကိုကိုနှင့် ညီကပါနောက်ကလိုက်လာသည်
လူတစ်ယောက်တွင် dark side ဆိုတာရှိသည်
မည်သို့ပင် သဘောကောင်းချိုသာ၍လူမှုပတ်ဝန်းကျင်တွင် ဝင်ဆံ့သူဖြစ်နေပါစေ နောက်ကွယ်တွင်ဝယ်ဝှက်ထားသည့် စိတ်ရိုင်းကတော့ရှိမြဲပင်
ထိုသို့သော စိတ်ရိုင်းသည်လည်း ကျွန်တော့်ထံတွင်ရှိသည်
ထိုအခါမျိုးတွေတွင် ကျွန်တော် မျက်လုံးထဲဘာမှမမြင်တော့ဘဲ ထင်ရာစိုင်းကာ ရိုင်းပလိုက်မိတော့သည်" ခွမ်း #''
လက်ထဲတွင်ကိုင်ထားသည့် အုတ်နီခဲကျိုးနှင့် ပြိုင်ကားမှန်ကို မိတ်ဆက်ပေးလိုက်သည်
ပျံ့လွင့်သွားသည့် မှန်စများကြား ဖြတ်နင်းရင်း ကားတံခါးကို ခပ်ကြမ်းကြမ်းခေါက်လိုက်သည်
BINABASA MO ANG
Pass Away (Complete) (Z+U)
RomancePass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...