part(16)........ကိုးအပေါ်ချစ်ခြင်း

179 15 0
                                    

ဆိတ်ငြိမ်အေးမြ သောရပ်ဝန်းကား မင်းအကြောင်းတွေးနေချိန်၌သာ ဖြစ်တည်သည်

# မြင့်မိုရ်

တနှစ် နှစ်နှစ် အချိန်တွေသာပြောင်းလာသည်
ကျွန်တော်ကိုးကို မတွေ့ရသေး
ကျောင်းနှင့်အိမ် အိမ်နှင့်သင်တန်း သင်တန်းနှင့်အိမ် ထိုဖြင့်လည်နေတော့သည်
အကျိုးအကြောင်းရှိမှသာ စကားတစ်ခွန်းစနှစ်ခွန်းစပြောဖြစ်သည်
မမက ကိုးအကြောင်းမေးတိုင်းတော့ ပြုံးပြုံးပျော်ပျော်သာ ဆွေးဆွေးလေးပြောတတ်သည်
အသက်၁၆ ဆယ်တန်းအောင်ပြီးနောက် ခွင့်တောင်းကာ တောင်ပေါ်မြို့လေးမှ မေကြီးတို့ရှိရာ ဂေဟာလေးသို့ အလည်ပြန်သွားခဲ့သည်

ရောက်ရောက်ချင်း ကိုးများရှိနေမလားလို့ အပြေးအလွှားသွားရှာမိသည်

ထို့နောက် မေကြီးသည် ကိုးလေးဟာ ကျွန်တော် ထွက်သွားပြီး လပိုင်းအတွင်းမှာပဲ မွေးစားခံလိုက်ရကြောင်းပြောပြသည်
တစ်ပတ်ခန့် တောင်ပေါ်မြို့လေးတွင် မေကြီးတို့ဦးဦးတို့နဲ့အချိန်ကုန်ခဲ့သည်
သို့သော် ကိုးမပါခဲ့ပါ
ပုံဆွဲဝါသနာပါသည့် ကျွန်တော့်အား မေမေမှ ပန်းချီဆွဲခန်းလေးတစ်ခု ပေးခဲ့သည်

ပန်းပုံတွေဆွဲသည်
မည်သို့မှ စိတ်တိုင်းမကျသလို ပျော်ဖို့လည်းမကောင်း

ရှုခင်းပုံတွေဆွဲသည်
ပိုလို့ပင် စိတ်ဝင်စားမှုမရှိ

စိတ္တဇပုံတွေဆွဲသည်
ပျော်ရွှင်မှုကိုရှာမတွေ့

ထိုအခါတိုင်းမျက်လုံးဆုံမှိတ်လိုက်သည်
ပေါ်လာသည့် ပုံရိပ်ရေးရေးလေးအား ကားချပ်ပေါ်တွင် ရေးခြစ်လိုက်သည်
နှလုံးသားတစ်စုံမှ ဆင်းသက်လာသည့်ပျော်ရွှင်မှုမှာ မျက်နှာပေါ်တွင် ပြုံးရိပ်တွင်စေသည်

အေးချမ်းသည်

လုံခြုံသည်

ကိုးရဲ့ ပြုံးရိပ်ပေါ်နေသည့်ပုံတွေကလွဲလို့ ကျွန်တော်ကျန်တာမဆွဲတတ်ချေ

ဆွဲတတ်ရန်လည်း မလိုလား

စိတ်ညစ်ချိန်တိုင်း ကိုးကိုသတိရချိန်တိုင်းတွင် ထိုပန်းချီခန်းလေးထဲထိုင်ကာ စိတ်ညစ်ရကြောင်းတွေ၊အဆင်မပြေကြောင်းတွေကို မမောနိုင်မပန်းနိုင်ပြောပြတတ်သည့်အကျင့်လေးရလာသည်

Pass Away (Complete)  (Z+U)Where stories live. Discover now