part(33)......ကိုကိုနှင့်တွေ့ဆုံခြင်း

191 11 0
                                    

ကိုကိုသည်သူနာကျင်မည်ကိုကြောက်နေလျှင် သူသည်ပျော်နေပါကြောင်းအစွမ်းကုန်ပြုံးပြရင်းသက်သေထူမည်

#ကိုး



ကိုးတောင်ကြီးမှတိုက်ခန်းသို့ရောက်လျှင် အချိန်သည် ည 8 နာရီ​ကျော် နေချေပြီ
တနေကုန်ကားမောင်းလာသောကြောင့် ကိုးတစ်ကိုယ်လုံးကိုင်လှုပ်ထားသလို ပင်ပန်းကာအိပ်ချင်နေသည်

ထို့ကြောင့် တိုက်ခန်းထဲသို့ရောက်လျှင်ရောက်ချင်း အိပ်ရာထက်ခြေစုံပြစ်လှဲကာ အိပ်လိုက်တော့သည်
ကိုးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်မှာ မနက် ၇ နာရီတွင်နိုးလာသည်

ကိုးသည် သူ၏မို့အစ်အစ်မျက်ခွံများအား ပွတ်သပ်လိုက်သည်
ထို့နောက်ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ရေချိုးလိုက်သည်

ကိုးသည် ခါးတွင် bathrobe တစ်ထည်ကိုသာပတ်၍ ပြန်ထွက်လာခဲ့သည်

ရေစိုနေသော ခေါင်းကို ပုဝါဖြူဖြင့် သုတ်ရင်း သူသည် ကုတင်ခြေရင်းတွင်ထိုင်လိုက်သည်

ထို့နောက် သူ၏အကြည့်တို့သည် စားပွဲပေါ်တွင်ထောင်လျက်ရှိသောဓာတ်ပုံဆီသို့ရောက်သွားသည်

ထိုပုံလေးအားသူငေးရင်း ပြုံးလိုက်မိသည်

သူ၏ဘွဲ့ယူစဥ်က ဘွဲ့ဝတ်စုံနှင့်ပြုံးရယ်နေသောပုံလေးအားမှန်ဘောင်ခတ်ထားခြင်းဖြစ်သည်

မနက်ခင်းလေးမှာတင် ကိုးရင်ထဲနွေးထွေးနေရပါ၏

ကိုကို့၏သူ့အပေါ်ထားသော သူသိသောဂရုစိုက်မှုများ နှင့်သူမသိသောဂရုစိုက်ပေးမှုများအပေါ် သူသိပ်ကိုခိုမင်မိသည်

လုံခြုံမိသလိုခံစားရ၏

နွေးထွေးရပါ၏

မနေ့ညက ရောက်လျှင်ရောက်ချင်း ထိုးမှောက်အိပ်လိုက်သောကြောင့် အခန်းဝန်းကျင်အခြေအနေကို တစ်ချက်ပင်မကြည့်လိုက်ရချေ

ထို့ကြောင့် ကိုးသည် အဝတ်လဲအပြီးတွင် အခန်းအားပတ်ကြည့်လိုက်သည်

အိပ်ခန်းတစ်ခန်းပါသည်

ဧည့်ခန်းနှင့်မီးဖိုးခန်းသည် တွဲလျက်ပင်ရှိသည်
အရမ်းမကျယ်ပါဘဲ လူတစ်ယောက်နေရုံရန်သာကျယ်ကျယ်ဝန်းဝန်းရှိသည်

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora