part (18)......ဝန်ခံခြင်း

149 10 0
                                    

" ဒီနေ့ မေကြီးတို့ဂေဟာကိုအလည်သွားကြမလား ကိုး''

မနက်စာစားဝိုင်းတွင် ကျွန်တော် ကလေးငယ်အား မေးလိုက်သည်

" ကောင်းတယ် ကိုကို ကိုးလည်း သွားလည်ချင်နေတာ ''

" ဟုတ်ပြီ အဲ့ဆို အတူသွားကြတာပေါ့ ''

ထို့နောက် ဖေဖေမေမေတို့အား ခွင့်တောင်းကာ ကျွန်တော်တို့ ကားလေးနှင့်ထွက်လာခဲ့ကြသည်

လမ်းတလျှောက်တွင် ကလေးငယ်သည် ကျွန်တော့်ထံတွင်ရင်ဖွင့်သည်

" ကိုး မေကြီးတို့ဆီမရောက်တာ တော်တော်မှတော်တော့်ကိုကြာပြီ မေကြီးမှတ်မိပါ့မလား ကိုးကိုလေ ''

ကလေးငယ်သည် စကားအဆုံးတွင် အသံလေးတိမ်ဝင်သွကာ မျက်နှာလေးညိုးကျသွားသည်

" ခုကိုကိုနဲ့အတူတူသွားနေရပြီမလား စိတ်ညစ်မနေနဲ့တော့ အိပ်ရင်အိပ်လိုက် ရောက်ရင်ကိုယ်နှိုးမယ် ''

ကျွန်တော်ပြောလိုက်တော့ ကလေးငယ်သည် ခေါင်းလေးနောက်မှီကာ အိပ်ပျော်သွားတော့သည်

အိပ်ပျော်နေသည့် ကလေးငယ်၏ခေါင်းလေး မှန်နှင့်​ပြေးစောင့်မှာစိုးရိမ်သောကြောင့် လှည့်ကြည့်လှည့်ကြည့်နှင့်ပင် ကားမောင်းလာခဲ့သည်
တောင်ပတ်လမ်းတစ်လျှောက် ချယ်ရီများပွင့်နေသည့် အလှတရားအား ကြည့်ရန် ကျွန်တော် ကလေးငယ်အားနှိုးလိုက်သည်

" ကိုး ကိုးထအုန်း ''

" ဟင်......အင်း......''

အင်းအဲနှင့် မျက်လုံးပြန်မှိတ်သွားသည့်ကလေးငယ်ကြောင့် ကျွန်တော် ခပ်တိုးတိုးလေးရယ်လိုက်သည်

" ကဲ ပြန်အိပ်မနေနဲ့ အပြန်ဘက်ကိုတစ်ချက်လောက်ကြည့်အုန်း ''

" ဟင် ဘယ်...ဘယ်ကိုကြည့်ရမှာ ''

မျက်ခွံလေးများအား ရဲရဲနီသည်အထိ ပွတ်သပ်နေသည် ကျွန်တော်တားရပြန်သည်

" ဟေ့ အဲ့လောက်မပွတ်ရဘူးလေ ရေလေးသောက်လိုက် ''

" ဟုတ် ''

ကျွန်တော်ရေဗူးကမ်းပေးတော့ ကလေးငယ်က အလိုက်တသိ ယူသောက်လိုက်သည်
ရေသောက်ပြီးနောက် ကျွန်တော်ပြောသည့်အတိုင်း အပြင်ဘက်ခြမ်းကို တစ်ချက်ငေးကြည့်ကာ ပြုံးတော့သည်

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora