part(15)......အစ

163 14 0
                                    

မေ့၍မရသော အတိတ်များဆီသို့

" ခင်စိုးရေ ......ခင်စိုး....မြင့်မိုရ် နင်နဲ့အတူပါသွားတာလားဟေ့''

" ဟုတ်တယ် ရွှေမှုံရေ..... နင့်သားက တားလို့မှမရဘဲ ''

" အေးအေး မြင့်မိုရ်ရေ တောထဲရောက်ရင်ဦးဦးအနားမှာနေနော် ''

" ဟုတ် မေကြီး ''

တောင်ကုန်းပေါ်မှ လှန်းအော်ပြောနေသော ရွှေမှုံ့အား လှည့်မကြည့်ပါပဲ ဟုတ်ကဲ့ ပြောကာ တောင်အောက်သို့ ပလိုင်းလေးလွယ်၍ပြေးဆင်းသွားသည့် ကလေးငယ်

ရှေ့ဆံပင် အတိလေး မြောက်မြောက်တက်သွားသည်အထိ ခုန်ပြီး ပြေးလွှားနေသည်

" ဟေ့ကောင် မြင့်မိုရ် မင်းမေကြီး ဘာမှာလိုက်လဲ ပြေးလွှားမနေနဲ့ မှောက်လဲလို့ ဒူးပြဲဖင်ပြဲဆိုရင် ငါပဲ အမန်ခံရအုန်းမယ်''

" ဟီး......ဦးဦးက မေကြီးကိုပြန်မတိုင်ရင်ရပါတယ်ကြာ''

" ရယ်ပြမနေနဲ့ ရှေ့ကြည့်လျှောက်''

ခေါင်းကိုရှေ့ဘက်သို့အတင်းဆွဲလှည့်ပြီး သေချာလျှောက်ရန်ဆိုလိုက်တော့ ကလေးငယ်သည်
သွားတွေအကုန်ပေါ်အောင် ပြုံးဖြီးပြလာသည်
ဖေကြီးလို့ခေါ်ရန်မည်သို့သင်သင် ဦးဦးဟုသာ သုံးနှုန်းနေသည့်ကလေးငယ်အား အချစ်မလျော့နိုင်ပါ

လွန်ခဲ့သည့် နှစ်အနည်းငယ်က တောမီးကြောင့် ဘေးရွာမှာ ရွာလုံးကျွတ်ပြာကြခဲ့ရသည်
ကံကောင်းထောက်မစွာဖြင့် မြင့်မိုရ်အပါအဝင် လူသုံးဆယ်လောက်သာ အသက်ရှင်ကြသည်

တောင်ပေါ်ရွာကလေးမို့ တောင်အောက်မှ ရေကန် နှင့်ရေတံခွန်တို့ကိုသာ အားပြုနေခဲ့ကြရသည်
ထို့ကြောင့် မီးလောင်ချိန်၌ ဖြန်းပက်ငြိမ်းသတ်ရန် ရေလုံလုံလောက်လောက်မရခဲ့ကြချေ
ဘေးရွာမှအကူအညီရချိန်မှာတော့ တစ်ရွာလုံး မီးလောင်ပြာကျ နေပြီဖြစ်သည်
အသက်ရှင်သူတွေကို ကူညီဘေးမကာ လူကြီးများမှဦးဆောင်၍ ရွာသို့ခေါ်လာခဲ့ကြသည်

ထိုအထဲတွင်တစ်ယောက်တည်းလွတ်လာသူများလဲရှိကြသည်
မိသားစုလိုက်အသက်ရှင်သူများလဲရှိသည်

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora