part(14).......ပြန်လည်တွေ့ဆုံခြင်း

174 15 0
                                    

အတိတ်သည်ကားအရိပ်လိုလိုက်၏
#ကိုး

"အဲ့ဆိုသားသွားပြီနော်''

"ဟုတ်ကဲ့ပါရှင် ဂရုစိုက်နော် သားငယ်''

အန်တီချိုသည် ကားနားထိလိုက်ပို့ပေးပြီးသည့်အထိပင် မပြီးနိုင်မစီးနိုင်မှာတန်းခြွေသည်

" ဟိုရောက်ရင်ဖုန်းဆက်နော် အနွေးထည်သေချာဝတ်နော် ပြီးတော့...''

"တော်ပါတော့ အန်တီချိုရယ် ကိုးဂရုစိုက်ပါ့မယ် သွား​တော့မယ် အိမ်ထဲဝင်တော့''

ဘယ့်နှယ်.............. ခရီးလေးတစ်ပတ်သွားပါသည်
အိမ်ထောင်ကျလို့ ယောကျာ်း နောက်လိုက်သွားမည့် သတိုးသမီးလို ဆက်ဆံခံနေရသည်
အသေးစိတ်ကအစ လိုက်လံစိတ်ပူပေးနေတော့သည်
ကားလေးတရွေ့ရွေ့ထွက်သွားသည့်အခါမှသာ အိမ်ထဲပြန်ဝင်သွားသည်ကို ကားမှန်မှတဆင့်မြင်လိုက်သည်
ကျွန်တော်နဲ့ အစ်ကိုက ကားနောက်ခန်းတွင်ထိုင်သည်
မနက်ခင်းအလင်းရောင် အတော်ထွက်နေပြီမို့ ပတ်ဝန်းကျင်တွင်သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်နေရသည်

စိတ်လှုပ်ရှားဖို့ကောင်းသည်

ပထမဆုံး အိမ်မှမိသားစုမပါဘဲညအိပ်ထွက်သည့်ခရီး...........

ပထမဆုံးအစ်ကိုနဲ့ ထွက်လာသည့်ခရီး.......

" ကိုး မနက်စာစားလာပြီးပြီလား''

" ဟုတ် စားပြီးပြီဗျ အစ်ကိုရော''

" ပြီးပါပြီ ကိုးမစားရသေးရင် ဆိုင်တစ်ဆိုင်မှာရပ်ခိုင်းမလို့ ''

မဆိုသာသော ဂရုစိုက်မှုသေးသေးလေးကို ကမ္ဘာတစ်ခုလုံးအပိုင်စားရသလို ပျော်မိရပါသည်

ထို့နောက် ကားတွင်လေထုက ပြန်လည် အေးစက်သွားသည်
နှစ်ယောက်သား ကားမှန်အပြင်ဘက်မှ မနက်ခင်းဝန်းကျင်ကို ငေးကြည့်နေလိုက်ကြသည်
ထို့နောက် သိပ်မကြာ ကားရပ်သွားသည်

" ဘာဖြစ်လို့လဲဟင် ကားဘာဖြစ်တာလဲ''

" ဘာမှမဖြစ်ပါဘူး ကိုးရဲ့ အစ်ကိုလုပ်စရာလေးရှိလို့ ခဏရပ်ခိုင်းလိုက်တာ''

" အော်''

အစ်ကိုကားပေါ်က ဆင်းသွားသည်ကို လိုက်ကြည့်နေလိုက်သည်
မြို့ပြင်ဟုထင်ရသည့်တနေရာ.........
ဒီနေရာကိုရင်းနီးနေပါသည်
ထို့​နောက် သိချင်စိတ်ကြောင့် ကားပေါ်မှ ဆင်းကာ ဘေးဘီသို့လှည့်ပတ်ကြည့်လိုက်သည်

Pass Away (Complete)  (Z+U)Where stories live. Discover now