ပြာလဲ့လဲကောင်းကင်တွင် တိမ်ကင်းဆင်ကာ သာယာသည့်နေ့တစ်နေ့ဖြစ်သည်
နွေလေရူးတို့သည် ပွတ်သပ်တိုက်ခိုက်သွားချိန်တိုင်း ရော်ရွတ်တို့မှာ ကြွေလင့်ရင်းသက်တန်းကုန်ဆုံးကြသည်ဂျိုးဂျိုးဂျောက်ဂျောက်အသံများထွက်နေသော မီးဖိုခန်းတွင်ဖြစ်၏
" ညီညီ အောက်ထပ်ကိုဆင်းလာသေးလား ''
အန်တီချို၏ နားနားသို့ကပ်၍မေးခြင်းဖြစ်သည်
" ထမင်းစားချိန်တော့ဆင်းလာတတ်တယ် ဒါပေမယ့် ခဏပဲ ပြီးရင်ချက်ချင်းအိမ်ပေါ်ပြန်တက်သွားရော ''
အန်တီချို၏စကားအပြီးတွင် မီးဖိုချောင်ထဲသို့ဝင်လာသော ကိုးကြောင့် အကုန်အသံတိတ်သွားကြသည်
ပန်းနုရောင် တီရှပ်အရှည်နှင့် ဂျင်းဘောင်းဘီတိုလေးတစ်ထည်ကိုဝတ်ထားသည်
လက်ကိုင်အိတ်ကိုမြင်သည့်အခါ မြတ်မင်းမောင်မေးလိုက်သည်" ဘယ်သွားမလို့လဲ ညီညီ ''
" အလုပ်ကိုလေ မန်နေဂျာနဲ့ meeting လေးရှိလို့ စောစောပြန်လာမယ်နော် အန်တီချို တူတူထမင်းစားရအောင် ''
ကိုးသည် သွားတက်လေးများပေါ်အောင်ရယ်ပြပြီး ခြံထဲမှကားမောင်းထွက်သွားသည်
တက်ကြွလန်းဆန်းနေသည်မဟုတ်သော်လည်း တောမီးလောင်အပြီးပြန်ပေါက်သည့်အပင်သစ်လို မနည်းအားတင်းထားပုံပင်" သားငယ် အဆင်ပြေသွားပြီထင်တယ် ''
အမ်တီချို၏အကဲခတ်စကားကြောင့် မြတ်မင်းမောင်ရယ်လိုက်သည်
" ထင်တာပဲ အဲ့ဟာလေးကိုသေချာကြည့်ထားမှ သူကလုပ်ချင်တာလျှောက်လုပ်မဲ့ကောင် ''
" အိုကွယ်......... အန်တီချို့သားငယ်ကိုအဲ့လိုမပြောပါနဲ့ ''
ကာစီးကာစီးလုပ်နေသော အန်တီချို့ကြောင့် မြတ်မင်းမောင်ပိုတိုးလို့ရယ်လိုက်သည်
တူအရီးနှစ်ယောက်လိုက်ပါပေ၏❣❣
ငှက်ကလေးများ၏ တိုးတိတိုးတိအသံကြောင့် ကိုးနိုးလာခဲ့သည်
နာရီကိုကြည့်လိုက်သည့်အခါ မနက် ၇ နာရီရှိချေပြီ
ရေမိုးချိုးအဝတ်အစားလဲနေစဥ် စားပွဲပေါ်မှ ဖုန်းက ထမြည်သည်
ESTÁS LEYENDO
Pass Away (Complete) (Z+U)
RomancePass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...