" မင်းမပြန်သေးဘူးလား ကလေး ''
တရေးနိုးထထိုင်ချိန်တွင် စားပွဲ၌မိန့်မိန့်ကြီးထိုင်နေသူကိုတွေ့လိုက်ရသည်
" ဟာဗျာ ကိုကိုတို့ကလည်း နှင်ထုတ်မယ်ဆိုတာချည်းပဲ ''
ကိုကို့၏အဖြေကို ကိုးခေါင်းကုတ်၍သာ ခပ်ပြတ်ပြတ်ဖြေလိုက်သည်
" ကလေးကို ငါပြောထားတယ်လေ မချစ်တော့ဘူးလို့ ငါတို့ဇာတ်လမ်းပြီးပြီလို့ ထွက်သွားခု ''
ထွက်မသွားချင်သူနှင့် နှင်သူကြားတွင် male nuse သည် မတ်မတ်ကြီးရပ်နေ၏
ကိုကိုသည် အနားရှိ male nuse အားသတိမထားမိဘဲ သူ့အားမချစ်ဘူးငြင်းနေသည်" ဟိူမှာလူရောက်နေတယ် ရည်စားနှစ်ယောက်ကြားကကိစ္စကိုပြီးမှရှင်းမယ် ''
သူသည် ခပ်ရွဲ့ရွဲ့လေးဆိုကာ laptop ထံခေါင်းပြန်စိုက်ထားသည်
ကိုကိုသည်မှာတော့ male nuse ရှေ့မို့ရှက်သွားပုံရသည်
အင်းအဲပြန်မပြောတော့ဘဲ မျက်နှာကြီးသာရဲနေတော့သည်
မကြာပါ male nuse သည် ဆေးထိုးအိပ်ဖြုတ်၍ ကိုးအားကွက်ကြည့်ကွက်ကြည့်လုပ်ကာပြန်ထွက်သွားသည်" ကလေး ''
" ဘာလဲ ထပ်နှင်ထုတ်မယ်မကြံနဲ့ ''
" ကျစ် မင်း ''
ကျစ်တစ်ချက်စုတ်သတ်ကာ ကိုကိုသည် အသံတိတ်သွားတော့သည်
သူသည်လည်းရေးလက်စစာကိုအပြီးသတ်ကာ Laptop ကိုပိတ်လိုက်သည်
ထို့နောက် ကိုကို့အနားသို့လျှောက်လှမ်းသွားချိန်တွင် ကိုကိုသည်သူ့အား မျက်စိလှန်ကြည့်လာသည်" ကျွန်တော်ခဏပြန်အုန်းမယ် ရေမိုးချိုးပြီးရင်ပြန်လာခဲ့မယ် ကျွန်တော့်ကိုမနှင်ထုတ်ပါနဲ့လားကိုကို ''
အသံဖျားတို့တိမ်ဝင်သွားသည်မို့ အမြန်စကားဖြတ်လိုက်သည်
ကိုကိုကတော့ သူပြောသမျှကိုကြည့်မြဲတိုင်းကြည့်နေခဲ့သည်
ထို့နောက် သူအခန်းထဲမှထွက်လာခဲ့သည်ကိုကိုသဘောမကျသော်လည်း သူသည်ပဲ့ကျိလိုကပ်နေပါအုန်းမည်
ဆုံးစုံ ကိုကိုဟာသူ့ကိုမုန်းပါသည်ဟုပဲပြောပြောသူဟာကပ်တွယ်နေပါအုန်းမည်
VOCÊ ESTÁ LENDO
Pass Away (Complete) (Z+U)
RomancePass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...