part(6).........အလှတရား

250 19 0
                                    

ချစ်ခြင်းကိုပိုင်ဆိုင်ပြီးနောက် ထိတွေ့သမျှအရာရာတိုင်းဟာ လှပမှုတို့အပြည့်နှင့် သို့မဆိုလျှင် ခံစားချက်တို့အပြည့်နှင့်ပင်

#ကိုး

Laptop ပေါ်ပြေးလွှားနေသောလက်တစ်စုံနောက်စိတ်မပါစွာ ဘေးနာရှိဖုန်းကိုသာ ခဏခဏငေးကြည့်မိသည်

Phone Screen  လေးလင်းသွားတိုင်း အစ်ကို့ထံမှလားဆိုသည့်စိတ်နှင့်ပြေးပြေးကြည့်နေရသည်က နည်းနောသည့်ဒုက္ခတော့မဟုတ်

အစ်ကို...........

သူမသိသော ကျွန်တော်မှဲ့ထားသည့်အမည်နာမ်မတစ်ခု

အစ်ကိုကိုစာစပို့ရမလား........

အစ်ကိုစပို့တာကိုပဲစောင့်နေရမလား..........

တွေးရင်းနဲ့တွေဝေနေသည်မှာ ည ၉နာရီပင်ကျော်လာချေပြီ

ကျွန်တော်မှမလှုပ်ရှားရင် ရွေ့မည်မထင်သည့် ဤကျောက်တုံးလူသားကြီးအား ကျွန်တော်ပဲအားကုန်သုံးကာ ရွှေ့ရပါတော့မည်
ထို့နောက်ရှိသမျှသတ္တိကြိုးနှင့်စည်း၍စာရိုက်လိုက်သည်

"Hello bro''

ရိုးရိုးဆင်းဆင်းနှင့်အဆင်ပြေမည်ထင်သော စာကိုသာပို့လိုက်သည်

ထို့နောက် အစ်ကို့ဘက်မှစာကို seenပြလာသည်

ဖုန်းကိုခဏမှောက်ချလိုက်ရင်းအသက်ဝအောင်အရင်ရှူလိုက်သည်

ရင်တွေတုန်လိုက်တာ.............

အစ်ကို့ထံမှစာရိုက်နေသည်ဟူသော အသိလေးက ရင်ကို တဒုတ်ဒုတ်ခုန်စေကာ အသက်ပင်ပြောက်စေလောက်သည်

'ကတောင်'

အစ်ကို့ဆီမှစာပြန်ပို့လာသည်.....

နှစ်စက္ကန့်ပင်မကြာသော မက်ဆေ့ချ်ရောက်ကြောင်း noti soundလေးက လူကိုသေလောက်အောင်ထိ ရင်ခုန်စေသည်
၎င်းကဤမျှလောက်စွမ်းနိုင်သည်တဲ့လား.....

"Hello ကိုး''

အားဟုအသံတိတ်ကြိတ်အော်ကာ ကုတင်ပေါ်သို့ ကန့်လန့်ဖြတ်ပက်လက်လန်လှဲချလိုက်သည်

အစ်ကိုပို့သောမက်ဆေ့ချ်လေးကိုကြည့်ရင်းလူးလွန့်နေမိသည်
ထိုမျှလောက်ကျွန်တော်ပျော်ပါသည်....

Pass Away (Complete)  (Z+U)Where stories live. Discover now