🖍🖍အပိုင်းကျော်တင်မိလို့ပါ
ခုက အပိုင်း8 ပါ
ပေါ့လျော့မှုအတွက်တောင်းပန်ပါတယ်❣အချစ်ကိုလုပ်မယူတတ်သလို လုပ်ယူဖို့အခွင့်အရေးတောင်ရှိပါသေးလား မှုံ......
#မြတ်မင်းမောင်
" မှုံ ဟိုမှာနင့်လူကြီးလာတယ်''
"ငါ့လူကြီးမဟုတ်ပါဘူး ချစ်ချစ်ရယ်''
"အမယ်........ဟိုကနင့်ကိုကြည့်တဲ့အကြည့်တွေက ''
"တော်တော့ ချစ်ချစ် အလုပ်သာလုပ်စမ်းပါ''
ချစ်ချစ်နဲ့အခြေအတင်ပြောပြီးနောက် မှုံ့အားပြုံးပြုံးကြီးကြည့်နေသော မြတ်ဆီသို့လျှောက်သွားလိုက်သည်
"တစ်ယောက်တည်းလား ကိုးရော ''
"မပါဘူး ဘာလဲ ကိုးကိုပဲမျှော်နေတာလား''
"အို......အဲ့လိုလဲမဟုတ်ပါဘူး ဘာမှာမလဲမြတ်''
" ပုံမှန်ဘဲချပေးပါမှုံ''
ထို့နောက် waiterအား တစ်ချက်မှာပြီးမြတ်ထံသို့ပြန်လာခဲ့သည်
မှုံ့ဆိုင်ကို ခဏခဏလာနေသည့်မြတ်က အလုပ်လက်မဲ့လို့တောင်ထင်ရသည်
အားတိုင်းလာနေသလိုပင်.................
လာတိုင်းလည်းမှုံနဲ့စကားတွေအများကြီးပြောဖြစ်ကြသည်" မှုံ''
"ဟင်''
ကျွန်တော်နံမည်ခေါ်လိုက်တော့မျက်ခုံးလေးပင့်ကာ ဘာလဲဟုမေးလာသည်
အသားဖြူသည်ဆိုသည်ထက် မြန်မာဆန်ဆန်ဝင်းဝါနေသည့်အသားအရေရှိသူ........
မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အရပ်ရှည်ဟုပင်ဆိုလို့ရသည်
ခါးလည်လောက်ဆံပင်ရှည်ကြီးကိုအမြဲနားနောက်ညှပ်ကာ ချထားတတ်သည်
မျက်နှာပြင်တစ်ခုလုံးရှင်းနေပြီး မျက်ခုံးတန်းနက်နက်တို့ကိုအထင်းသားမြင်နေရသည်
ဤသည်မှာလဲ မှုံ့ရဲ့စွဲဆောင်မှုတစ်ခုသာဖြစ်သည်"ဘာလဲ မြတ်ရဲ့ မှုံ့ကိုငေးပဲနေတော့မှာလား''
"အာ...sorry မှုံ့ကိုမေးစရာရှိလို့ ဒီတစ်ပတ်စနေကိုအားလားဟင်''
BẠN ĐANG ĐỌC
Pass Away (Complete) (Z+U)
Lãng mạnPass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...