part(3)...........အိမ်

577 27 0
                                    

ဘဝရဲ့ပျော်ရွှင်မှုတွေက ဘုရားကဖန်ဆင်းပေးတာမဟုတ်ဘဲ ခဗျားကဖန်တီးပေးခဲ့တာပါ
#ကိုး

မျက်လုံးနှစ်လုံးဖွင့်ချိန်မြင်နေရသည့်မျက်နှာကျက်မှာ ဆယ်နှစ်ကျော်နေသော်လည်း ငြီးငွေ့သွားသည်ဟူ၍မရှိ
မျက်လုံးနှစ်လုံးကိုပွတ်သတ်ကာ ကုတင်ပေါ်ငုတ်တုတ်ထိုင်လိုက်သည်
မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကာဘေးပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်သည်
ဇိမ်ခံပစ္စည်းအနည်းငယ်နှင့်ကျွန်တော့်အခန်းကျဥ်းလေးက ပျော်မွေ့စရာအပြည့်......
ကုတင်မှထကာရေချိုးခန်းဆီခြေဦးလှည့်လိုက်သည်
သွားတိုက်တံကိုင်ရင်းမိမိကိုယ်ကိုမှန်ထဲသေချာစိုက်ကြည့်နေမိသည်
ဝါးးးးးးးးကျွန်တော်တော်တော်လေးကြည့်ကောင်းသည်
ထွားကြိုင်းသောအမျိုးသားတွေနဲ့ယဥ်ရင် သေးကွေးသည်ဟုဆိုလို့ရသောခန္ဓာကိုယ်နှင့်ဖြူဖြူဖွေးဖွေးအသားအရေ........
သွားတိုက်ပြီးပြင်ဆင်ကာအိမ်အောက်ကိုဆင်းလာပြီးထမင်းစားခန်းသို့ဝင်လာလိုက်သည်
"ညီညီ... မင်းတအားနောက်ကျပဲ''
အခန်းဝတွင်ပင် ကိုကိုကြီး၏ ဆူသလိုလေသံမာမာလေးကထွက်လာသည်
မသိချင်ယောင်ဆောင်ကာသူနှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ
" ကျောင်းပိတ်ရက်မို့ပါ...ဟီး''
ပြောင်စပ်စပ်ပြန်ဖြေရင်းလျှာထုတ်ပြတော့
ကိုကိုကြီးကမနိုင်ဘူးဟူသောအကြည့်ဖြင့်သာစစ်ပြေငြိမ်းလိုက်သည်
မနက်စာစားပြီးသည့်နောက် ကိုကိုကြီးကအလုပ်သွားမည်မို့ စာရွက်စာတမ်းတစ်ချို့ပါဝင်သောလက်ကိုင်အိတ်ကို လိုက်ပို့ပေးသည်
"ကိုကိုကြီး..ရော့''
"ဟင်... အင်းးး''
ကားမောင်းထွက်သွားသောကိုကိုကြီးကိုလက်ပြနှုတ်ဆက်ရင်းအိမ်ထဲပြန်ဝင်လာခဲ့သည်

"အန်တီချိုရေ...... အန်တီချို''

"ဟေ... အေးလူလေးပြော''

ကျွန်တော့်ခေါ်သံကြောင့်မီးဖိုခန်းထဲကနေအန်တီချိုပြေးထွက်လာခဲ့သောကြောင့်လက်ထဲတွင်ယောင်းမကြီးကိုင်လျက်သား

"သား babyနဲ့အပြင်လမ်းလျှောက်ထွက်မလို့''
"အေးအေး''

အန်တီကိုခွင့်တောင်းပြီးနောက် baby(အိမ်မွေးခွေး)ကိုကြိုးဖြင့်ဆွဲကာအိမ်မှထွက်လာခဲ့သည်
နေသာသည်......
လူလှလို့နေခသည်လို့ပဲဆိုရမလား
ခန္တာကိုယ်ပေါ်ဖျာကျလာသောနေရောင်ကြည်နုနုထွေးထွေးကြောင့်လူကပိုလှနေသလိုပင်
လမ်းတလျှောက်ပွင့်နေသည့်ပန်းတွေကပင်ကျွန်တော့်ကိုငေးကာအားကျနိုင်လောက်သည်
ထိုမျှလောက်ကျွန်တော့်ရုပ်ရည်ပေါ် ယုံကြည်ချက်ရှိသည်
    ယနေ့လည်းသာမန်ပင်
မနေ့ကလည်းသာမန်ပင်
ကျွန်တော့်အတွက်နေ့တိုင်းကတစ်ပုံစံတည်းသာဖြစ်တည်နေသည်
      နောက်နေ့တွေလည်းထိုသို့တစ်ပုံစံတည်းသာဖြစ်တည်နေလိမ့်မယ်
   တိမ်ဖြူတစ်ချို့အုပ်မိုးထားသောကောင်းကင်ယံကိုရေအိုင်လက်တန်းပေါ်လက်တင်ကာမေးထောက်ရင်းကြည့်မိသည်
ရေအိုင်လှလှလေးဘေးစတီးလက်တန်းတို့ဖြင့်ကာရံထားပြီး ရေအိုင်ဘေးလမ်းတစ်လျှောက်မနက်ခင်းလမ်းလျှောက်ကြသူတွေမှာ ခုချိန်ထိမဆဲသေး
    သာယာသည့်ရာသီဥတုနောက်စီးမြောရင်းအတွေးတို့နယ်ချဲ့မိသည်
ကျွန်တော်ကမွေးစားသားဖြစ်သည်
ကိုကိုကြီးနဲ့ဖေကြီးတို့၏မွေးစားသားဖြစ်သည်
ကိုကိုကြီးကိုမွေးပြီးသိပ်မကြာဆုံးပါးသွားသောမေကြီးကြောင့် ကိုကိုကြီးမှာတစ်ဦးတည်းသောသားအဖြစ်သာကျန်ရှိနေခဲ့သည်
ထို့ကြောင့်ကျွန်တော့်အားမွေးစားရန်ပူဆာသည့်ကိုကိုကြီးကြောင့်ပဲဖေကြီးက ကျွန်တော့်ကိုမွေးစားခဲ့သည်
ကိုကိုကြီးကျောင်းပြီးသည့်နောက် ဖေကြီး၏company၌သာဦးစီးလုပ်ကိုင်နေသည်မှာယခုချိန်ထိ
ဖေကြီးကတော့နိုင်ငံခြားမှာနောက်အိမ်ထောင်နဲ့အတည်အကျမို့ မြန်မာနိုင်ငံကိုတစ်နှစ်မှ နှစ်ခါသုံးခါလောက်သာပြန်လာတတ်သည်
      ကျွန်တော်ကယခု  botanyနှင့်တတိယနှစ်ဖြေထားသူတစ်ယောက်
သူငယ်ချင်းလည်းမရှိချေ...............
ထိုသို့ပြောလျှင်ယုံမည်မထင်..........
အမှန်တကယ်ပင်သူငယ်ချင်းမရှိ
မည်သူနဲ့မှအပေါင်းအသင်းမလုပ်ဘူးဟုပြောလျှင်ပိုမှန်လိမ့်မယ်
ကျွန်တော့်ကမ္ဘာလေးထဲတွင် ကျွန်တော်ရယ် ကိုကိုကြီးရယ် ဖေကြီးရယ်နဲ့ အန်တီချိုတို့သာရှိသည်
ကျင်းမြောင်းသည်...................
ကျွန်တော်ပိုင်ဆိုင်ရာကမ္ဘာလေးကကျဥ်းမြောင်းသည်
ကျွန်တော်ဆုပ်ကိုင်ထားရာလူတစ်ချို့နဲ့ ကျွန်တော်ပိုင်ဆိုင်ထားသည့်အရာတစ်ချို့........
အတွေးစတွေကိုခေါင်းခါထုတ်လိုက်ရင်း
Babyနဲ့တူတူလမ်းဆက်လျှောက်လာခဲ့လိုက်သည်
တခြားသူများ၏မနက်ခင်းလမ်းလျှောက်ခြင်းကသာယာသည်ဆိုကြသော်လည်း ကျွန်တော်နဲ့တော့လားလားမှမတူ
ကော့တော့ကော့တော့နှင့်ပြေးလွှားနေသော babyကိုလိုက်ဖမ်းရသည်ကတစ်လုပ်
ဖင်ထိုင်ချကာဘယ်လိုဆွဲခေါ်ဆွဲခေါ်ပေကပ်နေသော babyကြောင့်အချိန်တွေကြာနေသည်ကတစ်လုပ်
ကျွန်တော့်ကမ္ဘာမှာတော့သူက ဂြိုဟ်ဆိုးသာဖြစ်လိမ့်မယ်
သို့သော် ချစ်စရာဂြိုလ်ဆိုးကောင်လေးသာ
အိမ်ပြန်ရောက်ရောက်ချင်းရေမိုးချိုးကာ ဝရံတာတွင်ထိုင်ခုံတစ်လုံးကော်ဖီတစ်ခွက်ဖြင့်စာထိုင်ဖတ်နေလိုက်သည်
ဝတ္ထုစာအုပ်အပုံလိုက်ကြီးကိုလက်ဆောင်အဖြစ်ပေးထားသော ကိုကိုကြီးကြောင့်တစ်နှစ်လုံးဖတ်၍ပင်မကုန်နိုင်
နေ့လည်ထမင်းစားချိန်မှသာအိမ်ပေါ်မှဆင်းလာခဲ့သည်
"ရော့.... သားငယ်ပြီးပြီ''
မိမိမျက်စိရှေ့ထမင်းချိုင့်ကိုထိုးပေးရင်းအန်တီချိုကစကားစလိုက်သည်
"သားငယ်အတွက်ပါထည့်ပေးထားတယ်...သာငယ်ဟိုမှာတခါတည်းစာချင်ရင်စားလို့ရအောင်''

Pass Away (Complete)  (Z+U)Where stories live. Discover now