part(28).....အက်ကွဲခြင်း

142 9 0
                                    


အနီရောင် Aster ပန်းများ.....................

နီရဲရဲတောက်နေသည့် ကိုကိုပေးသော ပန်းစည်းထဲမှ Aster ပန်းများကို နှာဖျားလေးနှင့် ကျီဆယ်မွှေးကြူရင်း တခစ်ခစ်ရယ်မောမိသည်

နားနားကပ်ကာ တီးတိုးဆိုစေသော ပန်း၏အဓိပ္ပါယ်မှာ  'မသေဆုံးသော ပေးဆပ်ခြင်း ' မည်၏

နေ့ရက်များဟာ နတ်သူငယ်မြူသည့်အိမ်မက်များလို ပြီးပြည့်စုံကာရင်ခုန်စိတ်လှုပ်ရှားစေသည်

ချစ်ရသူ၏လက်လေးတစ်စုံ ၊ ချစ်ရသူ၏ပုံရိပ်များပြည့်နေသည့်အိမ်လေးတစ်လုံး ရှိရုံနှင့် ကိုးဟာ ဘဝပြည့်စုံခြင်းကိုစံစားနေရသည်

" Aster တွေလှရဲ့လား ကလေး ကိုယ်သေချာမှာပေးထားတာ ''

Lover seat တွင်ထိုင်၍ နီရဲရဲပန်းစည်းအားပွေ့ပိုက်ထားသော ကိုးအား မြင့်မိုရ်ကားမောင်းရင်းမေးလိုက်သည်

" လှပါတယ်ကိုကို မပြောင်းလဲဘဲလှတုန်း ''

ပြုံးစစနှင့်ချစ်စဖွယ်ပြန်ဖြေလာသည့် ကိုး၏ပါးပြင်အား ခပ်ဖွဖွညစ်ရန် လက်လှန်းလိုက်စဥ် ရင်ဘတ်တလျှောက်ပျို့တက်လာမှုကြောင့် ကားကိုထိုးရပ်လိုက်သည်
ကားတံခါးကိုအတင်းတွန်းဖွင့်၍ လမ်းဘေးတစ်နေရာတွင် ခေါင်းထိုးအန်မိသည်
အနောက်မှကျောပြင်ကို ကလေးငယ်သည် လက်သေးသေးလေးများဖြင့် ပွတ်သတ်ထုထောင်းပေးသည်

" အဆင်ပြေရဲ့လားကိုကို ဆေးခန်းသွားကြမလား ''

လက်ခါပြ၍ငြင်းတော့ ကလေးငယ်သည် 'ခေါင်းမာပြန်ပြီ ' ဟု တီးတိုးရေရွတ်လိုက်သည်ကို မြင့်မိုရ်သေချာကြားသည်

ကလေးငယ်၏ ထိုစကားမှာမမှားချေ

မြင့်မိုရ် ဤသို့အော့အန်နေသည်မှာ ခဏခဏပင်
တခါတရံ အလုပ်လုပ်ရင်း ၊ တခါတရံ ထမင်းချက်ရင်း ၊ တခါတရံ ယခုလိုကားမောင်းရင်း ဖြစ်လေ့ဖြစ်ထရှိသည်

အမြဲဆေးခန်းသွားရန်တိုက်တွန်းသော်လည်း ကိုကိုဟာ ဆေးခန်းကို ယောက္ခမအိမ်လို့မြင်နေပုံပင်

မသွားချင်ကြောင်း တဆတ်ဆတ်ခေါင်းခါငြင်းတတ်သလို နောက်မှဟူ၍လည်းရွှေ့ဆိုင်းတတ်သေးသည်

Pass Away (Complete)  (Z+U)Donde viven las historias. Descúbrelo ahora