" ကိုယ်ဟာ ကလေးအတွက်လေပြေလေးဖြစ်ပေးပါ့မယ် '
#မြင့်မိုရ်
သင်းပျံပျံချယ်ရီများသည် ဆေးရုံဝန်းတစ်ခုလုံးတွင် အနှံ့မွှေးကြိုင်နေစေတော့သည်
လေတိုက်ရာနောက် လူးလာခေါက်ပြန်လိုက်ပါနေသော ပွင့်ချပ်များမှာလည်း နေရာအနှံ့ပင်
အခန်းပြတင်းပေါက်အားဖွင့်ကာ ပန်းနုရောင်ပါးလျလျပွင့်ဖတ်ကလေးများအား ဝင်ခွင့်ပြုလိုက်သည်
တဟူးဟူးတိုက်နေသော လေနောက်ပျံ့လွင့်လာသော ပွင့်ဖတ်များအား မျက်နှာမော့ကာလေညင်းခံရင်း စီးကြိုသည်ဖြူသွယ်သွယ်လက်ချောင်းတို့သည် ပြတင်းဘောင်တွင် နေရာယူကာ မေးထောက်ထားစေ၏
ဖြည်လျှော့လိုက်သောစိတ်တို့သည် တင်းမာနေခဲ့သည်မှာ အချစ်ကြောင့်လား.၊ အလုပ်ဒဏ်ကြောင့်လားမသဲကွဲ
သူ လေးနာရီမျှသာအိပ်ရသေးသည်
ညက နှစ်ယောက်ကြားရန်ဖြစ်ကာ ပြန်ပြေလည်ခဲ့သည်
ကိုကိုသည် ညစာစားအပြီး သောက်ဆေးတွင်အိပ်ဆေးပါသောကြောင့် စောစောအိပ်ပျော်သွားခဲ့သည်စောစောမအိပ်တတ်သော သူသည် စားရေးရင်းပင် ညနက်မှအိပ်ပျော်သွားခဲ့သည်
ဆိုဖာထိုင်ခုံပေါ်တွင်အိပ်ခဲ့တာကြောင့် တကိုယ်လုံးကြိုးတုပ်ခံရသလို တောင်းတင်းနေသည်
အညောင်းပြေလမ်းလျှောက်ရင်း ပြတင်းပေါက်ကိုဖွင့်မိချိန် ချယ်ရီနံ့ဟာ တစ်ခန်းလုံးနေရာလပ်မကျန်မွှေးပျံ့သွားစေသည်
ပြတင်းပေါက်တွင် လက်ထောက်ကာ လေကိုတစ်ဝရှူနေခိုက်တွင် ကိုကို့၏အသံအားသူကြားလိုက်ရသည်" ဘယ်သူလဲ မင်းဘယ်သူလဲ ''
စကားလုံးများမှာ ကြောင်တောင်တောင်နိုင်သည့်အပြင် အသံမှာလည်းအရင်လိုနူးညံ့မှုစိုးစီမရှိ
ကြောင်နနလေးနှင့်ပင် ကိုးပြန်လှည့်ကြည့်လိုက်သည်
" ဘယ်သူလဲလို့ ''
ကြောင်နေဆဲကိုးကိုစိတ်မရှည်စွာ သူမျက်မှောင်ကျုံ့လိုက်သည်
VOUS LISEZ
Pass Away (Complete) (Z+U)
Roman d'amourPass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...