part(25).......ကလေးငယ်

149 9 0
                                    


ထပ်မတွေ့ရတော့ဘူးတောင်ထင်ထားတာပါ

# ကိုး


Accident မဖြစ်မီ နာရီဝက်အလိုတွင် မြင်မိုရ် စာဖတ်ခန်းထဲ၌ စာဖတ်နေခဲ့သည်

ကိုးသည် မြင့်မိုရ်နှင့်အတူမြို့ပြင်မှအိမ်သို့လာနေခဲ့သည်မှာ မှုံတို့လက်ထပ်ပွဲအပြီးကတည်းကပင်

မြို့ထဲမှအိမ်ကိုတော့ မြင့်မိုရ် ပေါက်စျေးနှင့်ပြန်ရောင်းပြစ်ခဲ့သည်

ယခုနေ့ဆိုလျှင် ဤအိမ်တွင်အတူနေသည်မှာ တစ်ပတ်နှင့်သုံးရက်ရှိချေပြီ

မြင့်မိုရ်သည် မိုးများသည်းနေသည့် ပတ်ဝန်းကျင်ကို ပြတင်းပေါက်မှန်မှတဆင့်ဖြတ်ကျော်ကြည့်ကာ နောက်ကျသည်ထိပြန်မလာသေးသော ကိုးကိုစိတ်ပူနေခဲ့သည်

ညနေကတည်းက အလုပ်ကိုခဏဟုပြောကာ ထွက်သွားသည်မှာ ယခုဆိုလျှင် ၈ နာရီကျော်နေချေပြီ

ဖန်းဆက်သော်လည်းမကိုင်သောကြောင့် စိုးရိမ်စိတ်ကအထွတ်အထိပ်ရောက်လာသည်

18 နှစ်အရွယ် ကလေးတစ်ယောက်မဟုတ်သည့်အပြင် လွတ်လပ်စွာနေထိုင်ခွင့်ကိုရယူရန် မြင့်မိုရ် ကိုးကိုမချုပ်ခြယ်ခဲ့ဖူးချေ

မြင့်မိုရ်လိုက်ပို့မည်ဟု တောင်းဆိုသော်လည်း ကိုးသည် မြင့်မိုရ်အားအလုပ်မရှုပ်စေချင်၍ တစ်ယောက်တည်းထွက်သွားခြင်းဖြစ်သည်

ဖုန်းကိုင်စမ်းပါ ကလေးငယ်ရယ်..............

မြင့်မိုရ် ထပ်ကာထပ်ကာဖုန်းခေါ်နေသော်လည်း ကိုင်သူမဲ့နေ၏

ခဏမျှထပ်စောင့်မည်ဟုတွေးကာ မြင့်မိုရ် ထိုင်ခုံတွင်ပြန်ထိုင်နေခဲ့သည်

အသိစိတ်သည် ပြန်လာမှာပါဟု သတိပေးနေသော်လည်း မသိစိတ်တို့က တုန်လှုပ်နေသည်

ဆယ်မိနစ်ကျော်သည်ထိ......တစ်မျက်နှာတည်းကိုသာ ဖွင့်လှန်ထားသည့် စာအုပ်ကိုပိတ်ကာ မြင့်မိုရ် ခြံထဲသို့ ထီးစောင်း၍ထွက်လာခဲ့သည်

လမ်းမီးတိုင်အလင်းရောင်ကိုအားကိုးကာ ခြံရှေ့တွင် လမ်းမထက်ကားများထဲ ကိုး၏ကားကိုလိုက်လံရှာဖွေနေခဲ့သည်

Pass Away (Complete)  (Z+U)Where stories live. Discover now