part(9).........ကိုကို

219 16 0
                                    

ဘာရယ်တော့မဟုတ်ပါဘဲ ကိုကိုဆိုသူအကြောင်းခေါင်းထဲရောက်လာစဥ် ဖြူစင်စွာပြုံးမိပြန်သည်

#ကိုး

မနေ့က အစ်ကိုနဲ့ဘောလုံးမကန်စဖူးကန်တာကြောင့် ကိုယ်လက်တွေညောင်းညာနေသည်

မနက်နိုးကတည်းက ခြေသလုံးတွေလက်မောင်းတွေနာကျင်နေတာမို့ တော်တော်နှင့်ပင်မထဘဲ အိပ်နေလိုက်သည်

၈နာရီခန့်၌အိပ်ယာထလာပြီး မျက်နှာသစ်ကာ မနက်ပိုင်းတာဝန်များကို လုပ်ဆောင်အပြီး ပြတင်းပေါက်ဘေး၌ ထိုင်ကာ စာအုပ်ဖတ်နေလိုက်သည်

မနက်စာလည်းမစားချင်သေးတာမို့ စာအုပ်ဖတ်ရင်း ခဏမျှထိုင်နေလိုက်သည်
လူကလည်းပင်ပန်းနေသေးသောကြောင့်ပင်.......

အစ်ကိုကတော့ ဘာမှမဖြစ်သည့်ပုံပေါ်သည်
မနက်ပိုင်းအလုပ်သွားသည်ကိုပင် ကျွန်တော့်အခန်းမှလှန်းမြင်လိုက်ရသည်
အစ်ကို့ပုံစံက ဘာနာကျင်မှုမှမရှိဘဲ ပုံမှန် ကာယလုပ်နေကြလူတွေလိုပင် ပေါ့ပါးနေသည်
အစ်ကို သွားရန်ကားထဲမဝင်ခင် ကျွန်တော့်အခန်းဘက်သို့တစ်ချက်မော့ကြည့်လာသည်

ကျွန်တော့်ကိုမြင်သည်နှင့်ပြုံးပြကာ လက်ပြနှုတ်ဆက်သွားသေးသည်
ကျွန်တော်လည်းပြတင်းပေါက်ကနေပြန်လက်ပြလိုက်သည်

ထို့နောက် ရပ်ကွက်လမ်းကြားတစ်လျှောက်မောင်းနှင်သွားသည်ကားလေးကို မျက်စိတဆုံးလိုက်ကြည့်နေလိုက်သည်

"ဒေါက်...... ဒေါက်''

တံခါးခေါက်သံကြောင့်  ထိုင်နေရာမှထကာတံခါးဖွင့်ပေးလိုက်သည်
တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသူက မှုံကုပ်ကုပ်မျက်နှာနဲ့ကိုကိုကြီး
ဟိုတနေ့ကငိုနေသည့်ကိစ္စကိုလည်းမမေးမိသလို ကိုကိုကြီးကလည်းပြောမပြသေးချေ

ကျွန်တော်တံခါးဖွင့်လိုက်သည်နှင့် ဝင်လာကာ ကုတင်ခြေရင်း၌ဝင်ထိုင်သည်
ကျွန်တော်ကတော့ ပြတင်းပေါက်ဘေး စားပွဲခုံနားရှိ ထိုင်ခုံ၌ ကိုကိုကြီးဘက်လှည့်ကာ ထိုင်လိုက်သည်

" အလုပ်သွားပြီထင်နေတာ ဒီနေ့ ကိုး နေလို့မကောင်းလို့ မနက်စာဆင်းမစားသေးတာ ''

Pass Away (Complete)  (Z+U)Where stories live. Discover now