Operation ခန်းထဲဝင်သွားသောကိုကိုသည် တစ်နာရီမျှအကြာတွင်ပြန်ထွက်လာခဲ့သည်
သို့သော် အဖြူရောင်ပုဝါအုပ်လျက်ဖြစ်၏ကြိုတင်မျှော်လင့်ပြီးသား ဤလမ်းသည် တကယ့်လက်တွေ့တွင် ကိုးအား သေလောက်အောင်နာကျင်စေ၏
ပျော့ခွေသွားစေ၏
နုံအသွားစေ၏
သုံးရက်မြောက်နေ့တွင် ကိုကို့နာရေးအားတက်ရောက်ခဲ့သည်
မီးမဂြိုလ်စဥ်အချိန်အတွင်းတွင် သူသည် ကိုကို့အားတစ်ချက်မကြည့်ခဲ့ပါသူသည် ကိုကို့၏ဝိဉာဥ်ကိုချစ်ခဲ့သည်မို့ ကိုကိုမရှိသော ဤခန္တာကိုယ်အလွတ်အားသူကြည့်၍မငိုချင်ပါလေ
ထို့အပြင် သူသည် ကိုကို့အားကတိတစ်ခုပေးခဲ့ပါသေးသည်
ကိုကိုသေလျှင် ကိုကို့ရုပ်ကလပ်အားမကြည့်ပါဘူး ၊ မငိုပါဘူးဟူ၍ကိုကိုတို့သည် ခရစ်ယာန်များမို့ ရက်လည်ဘာညာဟူ၍မရှိပါလေ
သို့သော် ကိုးသည် ကိုကို့အတွက် ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ခဲ့သည်
ကိုကို့သေဆုံးကြောင်းအား တောင်ပေါ်မြို့လေးမှ မေကြီးတို့အား စာလေးတစ်စောင်ရေးကာ အသိပေးခဲ့သည်
သူကိုယ်တိုင်သွားလျှင် ငိုနေသောမေကြီးကိုကြည့်ကာ သူပါသေသွားနိုင်သည်မို့
တောင်ကြီးမှအပြန်တွင် မရှုမငြီးသည် သူ့အား ကိုကိုဖတ်နေသော စာအုပ်များနှင့် ဘော့ပင်များကိုလက်ဆောင်ပြန်ပေးလိုက်သည်
ဘော့ပင်................
ထိုဘော့ပင်တွေဟာ ကိုကိုနှင့်စတွေ့ခဲ့သည့်ရက်များမှ ကိုကို့၏ထွက်ခွာသွားသည့်ရက်များအထိအတူလိုက်ပါလာခဲ့ကြသည်
တန်ဖိုးမဖြတ်နိုင်သော အရာများတွင် ကိုကိုကိုင်ခဲ့သော ထိုဘော့ပင်များလည်း ပါ၏
စာအုပ်များအားသူလှန်လျောစဥ်တွင် ကိုကို၏စာလုံးဝိုင်းလေးများနှင့်စာမျက်နှာများကိုတွေ့ရသည်
* ကိုယ်မသေခင်လေးမှာ ကလေးငယ်ကိုအမှတ်ရစရာလေးတစ်ခွန်းတော့ပြောပြချင်ပါ့ရဲ့ ကဗျာဆရာမဟုတ်တော့ ဘာပြောရမယ်ကိုယ်မသိဘူး ကိုယ်ချယ်ရီတွေကိုကြည့်နေခဲ့တယ် နေ့တိုင်း.... ညတိုင်း .....ကိုယ်တစ်ခုသိလိုက်ပြီ ကိုယ်ဟာချယ်ရီတွေနဲ့ပတ်သတ်ပြီး ကလေးကိုအမှတ်ရစရာတစ်ခွန်းတော့ပြောပြရမယ် *
YOU ARE READING
Pass Away (Complete) (Z+U)
RomancePass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...