part(29)........ကံကြမာသည်ယုတ်မာ၏

136 13 0
                                    

3.4.2020....................
မနက် ၅:၃၀

ဆေးရုံလျှောက်လမ်းအမိုးမှ တဝီဝီလယ်နေသော ပန်ကာကို မျက်နှာသေနှင့် မော့ကြည့်နေသည် မိနစ်မြောက်များစွာကြာချေပြီ

ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက ဆေးစစ်ချက်အဖြေတွေရမည်ဟု ဥက္ကာထံမှ စာပို့ထားသည်

ဆေးစစ်ခဲ့သည်မှာလည်း ဥက္ကာ၏အတင်းတိုက်တွန်းမှုကြောင့် လုပ်ခဲ့ရပြီး ကလေးငယ်တစ်ယောက်အားအသိမပေးခဲ့ရချေ

ဘာမဟုတ်သည့်ကိစ္စတစ်ခုနှင့် ကလေးငယ်အား စိတ်မပူစေလိုသောကြောင့်ပင်

ညဂျုတီကျသည့် ဥက္ကာသည် မနက် ၇ နာရီတွင်ဂျူတီဆင်းမည်ဖြစ်ကြောင်းပြောသည်
မြင့်မိုရ်လည်း မနက် ၄ နာရီကတည်းကနိုးနေ၍ လေ့ကျင့်ခန်းလုပ်ရင်း ဆေးရုံသို့တန်းလာခဲ့သည်
မြင့်မိုရ်ထွက်လာချိန်တွင် ကလေးငယ်သည်အိပ်နေဆဲပင်
အသိမပေးဘဲ ထွက်လာခဲ့သည်ကြောင့် ကလေးငယ််စိတ်ပူနေချေတော့မည်

" သီဟမြင့်မိုရ် ဝင်ခဲ့လို့ရပါပြီရှင် ''

သူနာပြု၏အသံကြောင့် ပန်ကာမှအကြည့်လွှဲကာ အထူးကုရုံးခန်းထဲသို့ဝင်သွားလိုက်သည်

ဥက္ကာသည် အရိုးအထူးကုဖြစ်သောကြောင့် မြင့်မိုရ်အား သူယုံကြည်ရသောဆရာထံတွင်အပ်ခဲ့ခြင်းဖြစ်သည်

" ထိုင်ပါ ဥက္ကာရဲ့သူငယ်ချင်းသီဟမြင့်မိုရ်ဟုတ်တယ်မလား''

ဆရာဝန်ကြီး၏နှုတ်ဆက်စကားအား ပြုံး၍သာခေါင်းငြိမ့်ရင်းထောက်ခံသည်
ထိုင်ခုံတွင်ဝင်ထိုင်ချိန်ထိ ဆရာဝန်ကြီး၏မျက်နှာမှာ မပြုံးမရွှင်ပင်

" ဒီကိုကြည့် မြင့်မိုရ် ''

မြင့်မိုရ်နားမလည်သည့် ဓာတ်မှန်ပုံများကိုလက်ထောက်ကာ စကားစလိုက်သည်

" ဦးနှောက်ရဲ့နေရာအနှံ့အပြားမှာ အကြိတ်လေးတွေဖြစ်နေတာ အကြိတ်နေရာတွေကအဖြေအနေအကောင်းကြီးတော့မဟုတ်ဘူး
အော့တယ်အန်တယ်ခေါင်းမိုက်ခနဲဖြစ်တယ်ဆိုတာရောဂါလက္ခဏာတွေပဲ အင်းးးး''

ဆရာဝန်ကြီးသည် သက်ပြင်းရှည်တစ်ခုကိုမလုံမလဲချလိုက်သည်

Pass Away (Complete)  (Z+U)Where stories live. Discover now