ဒုတိယလူတွေဟာ သိပ်ကိုရယ်စရာကောင်းသည်
#ခေတ်သစ်
မျက်လုံးနှစ်လုံးဖွင့်ချိန်တွင် အသိစိတ်ထဲရောက်လာသည်က ကိုးဖြစ်သည်
ဘေးတွင် ခွေခွေလေးအိပ်နေသည့်ကိုး၏နှဖူးပြင်အား အနမ်းဖွဖွပေးကာ မြင့်မိုရ်အိပ်ရာထခဲ့သည်
မြင့်မိုရ် ရေချိုးပြီးသည်အထိ ကိုးတစ်ယောက်မနိုးသေးပေ
အိပ်ယာထက် ခွေခေါက်အိပ်နေသည့် ကိုးအားမနှိုးသေးဘဲ ကုတင်ဘေးထိုင်ခုံတွင် ထိုင်ရင်း မြင့်မိုရ် စာအုပ်တစ်အုပ်ကောက်ကိုင်လိုက်သည်ထိုစာအုပ်မှာ သံသာကိုး၏ပွဲဦးထွက်စာအုပ်လေးပင်ဖြစ်သည်
မြင့်မိုရ်သည် စာမျက်နှာတစ်ခုစီတိုင်းကို အလွှတ်ရသည်အထိ ဖတ်နေမိသည်
တစ်ရွက်ပြီးတစ်ရွက်လှန်လှောရင်း အမြတ်တနိုးနှင့်ဖတ်နေခဲ့သည်
ထိုစဥ် လှုပ်လှုပ်ရွရွဖြစ်လာသည့် ကုတင်ပေါ်မှ အကောင်ပေါက်လေးကြောင့် မြင့်မိုရ်စာအုပ်ကိုပိတ်ကာ ကိုးထအလာကိုစောင့်ကြည့်နေသည်
မျက်လုံးမဖွင့်ခင် လက်နှစ်ဖက်ကိုဆန့်တန်းကာ ပျင်းကြောဆန့်နေသည့် ကိုးမှာ အိပ်မှုံစုံဖွားဖြင့် တကယ်ကိုအသည်းယားစရာလေးပင်
" အချိန်ဘယ်လောက်ဖြစ်နေပြီလဲ ကိုကို ''
မေးခွန်းသာထွက်လာသော်လည်း လူက စောင်ပုံထဲတွင်သာရှိသေးသည်
" 7:40 ရှိပြီကိုး ထတော့လေ ''
စိတ်ဆိုးနေချိန်တုန်းက ' ကလေး ကလေး' ဟု သုံးနှုန်းတတ်သည့် မြင့်မိုရ်သည် ပုံမှန်ဆိုလျှင် 'ကိုး' ဟုသာ ညင်ညင်သာသာခေါ်တတ်သေးသည်
'ထတော့လေ ' ဟူသော အမိန့်ကြောင့် ကိုး အိပ်ရာမှ ထလာခဲ့သည်
ကိုးသည် မြင့်မိုရ်လက်ထဲရှိစာအုပ်အား တစ်ချက်ကြည့်ကာ ဆိုလိုက်သည်
" ကိုးစာအုပ်ကိုဖတ်ရတာ ပျင်းဖို့မကောင်းဘူးလား ''
ကိုးသည် လိုက်ကာစကိုဆွဲဖွင့်လိုက်သည့်အခါ မနက်ခင်းအလင်းရောင်ဖျဖျက ကိုးအပေါ်သို့ ဖိတ်ဆင်ကျလာသည်
မြင့်မိုရ်သည် အလင်းရောင်ဖျာကျနေသော ကိုး၏အညိုရောင်ဖျော့ဖျော့ဆံသားများအား မွှေးကြူရင်း ပြန်ဖြေလိုက်သည်
ВЫ ЧИТАЕТЕ
Pass Away (Complete) (Z+U)
Любовные романыPass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...