"ပြောစရာရှိလို့လား ညီညီ''ထမင်းစားဝိုင်းမှာကတည်းက ကျွန်တော့်အား တချက်တချက်ကြည့်နေသည်ကိုသတိထားမိသည်
အကြောင်းမရှိပါပဲ ကျွန်တော့်စာဖတ်ခန်းထဲဝင်လာပြီး စာအုပ်စဥ်ပေါ်က စာအုပ်များအား အပြစ်သားနှယ် ထုတ်လိုက်ထည့်လိုက်လုပ်နေသည်မနေနိုင်သည့်အဆုံးကျွန်တော့်ဘက်ကမေးလိုက်ရသည်
ထိုအခါမှ ကျွန်တော့်ရှေ့ စားပွဲတွင်ဝင်ထိုင်ပြီး စကားစလာသည်" ကိုးမွေ့နေတုန်းကလေ ပွဲလေးလဲမလုပ်ဖြစ်ဘူးမလား အဲ့အစား ကိုးအစ်ကိုနဲ့တောင်ကြီးကိုလိုက်သွားချင်တယ် ခွင့်ပြုမယ်မလားဟင်
အလည်သဘောပါ''မျက်လုံးလေးတွေအရောင်လက်ပြီး အောက်နှုတ်ခမ်းသားရဲရဲလေးကိုလဲ အကြောင်းမဲ့ကိုက်ထားသေးသည်
ဤအပြုအမူတွေကား မိမိအားခွင့်ပြုပါရန်တောင်းဆိုနေသည့် လဏ္ခာ
ချက်ချင်းပြန်မဖြေဘဲ အင်တင်တင်လုပ်နေလိုက်တော့ ညီညီကတဖြည်းဖြည်းမျက်နှာလေးမဲ့လာသည်
" ဘယ်နှရက်ကြာမှာလဲ''
"တပတ်လောက်ပေါ့ အကြာကြီးမနေပါဘူး ''
"OKလေ မင်းအကောင့်ထဲကိုပိုက်ဆံထည့်ထားလိုက်မယ် ဘယ်တော့သွားမှာလဲ ''
"သဘက်ခါကိုပါ ပြန်လာရင်ကိုကိုကြီးအတွက်လက်ဆောင်ဝယ်ခဲ့မယ်လေ ''
မိမိအားမျက်နှာချိုသွေးနေသည့် ညီညီ
ခွင့်ပြုချက်ရပြီဆိုတာသေချာမှ စာဖတ်ခန်းထဲမှ ပြန်ထွက်ရန်ပြင်လိုက်သည်
တံခါးကိုဖွင့်ပြီးစာဖတ်ခန်းကိုကျောခိုင်းချိန်မှာပဲ ကိုကိုကြီးဆီမှ နှစ်ကိုယ်ကြားရုံအသံဖြင့်ထွက်လာသည့်စကားတစ်ခွန်း"တောင်ကြီးကအေးတယ်မလား'' ဟူ၍..........
ကျွန်တော်သိသည်လေ
အရင်နှစ်တွင် ကိုကိုကြီးတောင်ကြီးကိုခေါ်တုန်းက 'အေးတယ်' ဟူသည့် အကြောင်းပြချက်နဲ့ မလိုက်ခဲ့ခြင်းကို ခနဲ့သလိုပြောခြင်းဖြစ်သည်
မှန်နေသည်မို့ပြန်ခံငြင်းနိုင်စွမ်းမရှိပါပဲ စာဖတ်ခန်းကိုကျောခီုင်းထွက်လာခဲ့လိုက်သည်
အခန်းထဲပြန်အရောက် အစ်ကို့ကိုဖုန်းဆက်လိုက်သည်
BẠN ĐANG ĐỌC
Pass Away (Complete) (Z+U)
Lãng mạnPass Away တွင် အချစ်ကြောင့်ဖြစ်ပေါ်လာသော ခံစားချက် ၊ လုပ်ရပ်များနှင့် ခံယူချက်များကို ဇာတ်ကောင်တစ်ယောက်စီတိုင်း၏ရှုထောင့်မှရေးသားထားသည် အချစ်ကို အပျံသင်တတ်စငှက်ငယ်တစ်ကောင်လောက်သာ အတွေ့အကြုံရှိသည့် စာရေးဆရာတစ်ယောက်၏ သူချစ်ရသူအကြောင်း ပြောပြရေးသားထားသ...