10...

1K 143 5
                                    

Unicode

ဂူထဲတွင် ဖေးချန်းချီ ရဲ့စီးဆင်းနေသည့် ချီတွေက ရုတ်တရက် ဗြောင်းဆန်သွားခဲ့သည်။

သူ့မျက်ခုံးတွေက ကြုတ်သွားခဲ့ပြီး နှုတ်ခမ်းက တင်းတင်းစေ့နေကာ သူ့နှလုံးသားထဲက နတ်ဆိုးတွေကို ဖိနှိပ်ဖို့ ကြိုးစားနေခဲ့သည်။ သို့သော် သူ့ဘေးက ချီတွေက ပိုဆိုးရွားလာခဲ့ပြီး ရူးသွပ်စွာ စီးဆင်းနေကြသည်။ သူ့နဖူးတွင် ချွေးစေးတွေက စတင်ထွက်ပေါ်လာပြီး သူ့ခေါင်းထဲရှိ အသံက ပိုတင်းမာလာခဲ့သည်။

“မင်းကိုယ်ထဲက ဒီအမှောင်ထုကို မရှာဖွေချင်ဘူးလား? ဘာကြောင့် လက်မခံလိုက်ရတာလဲ? မင်း ပိုပြီးတော့တောင် သန်မာလာဦးမယ်၊ ကမ္ဘာကြီးက မင်းလက်ထဲမှာပဲ ဖြစ်လာလိမ့်မယ်။ ဒီလိုမျိုး ရွေးချယ်လိုက်တာနဲ့ မင်းလိုချင်တဲ့ အရာအားလုံးကို ရသွားလိမ့်မယ်"

“ပြည့်တန်ဆာမရဲ့သား!”

“သူက မကောင်းဆိုးရွားပဲ...”

“သူ့အမေအတိုင်းပဲ သူ့ပုံစံက ဒီလိုဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ ကျစ်၊ သူက ငါတို့ကို ဖျားယောင်းဖို့ ကြိုးစားနေတာလား?”

“ဖူး! အဲ့လို! ဘာအစ်ကိုလဲ? ငါ့မျက်လုံးထဲမှာတော့ မင်းက ငါ့အစေခံလောက်တောင် အဆင့်မရှိဘူး! မင်းရဲ့အဲ့အမေက မျက်နှာပဲရှိတယ်။ အဲ့လိုသာ မဟုတ်ရင် ငါ့အဖေက သူမကို ထိတောင်ထိမှာ မဟုတ်ဘူး!”

ဖေးချန်းချီ ရဲ့ခေါင်းထဲတွင် အသံတွေက ပိုကျယ်လောင်လာပြီး သူ့နှလုံးသားထဲက ခံစားချက်တွေက ဖိနှိပ်ဖို့ပိုခက်ခဲလာပြီး ပိုပြင်းထန်လာခဲ့သည်။ သူ့ချီတွေက အရမ်းကိုပရမ်းပတာ ဖြစ်နေပြီး သူ့ခန္ဓာကိုယ်အား ဖျက်ဆီးနေသလို ဖြစ်နေကာ သူ့ကိုယ်အတွင်းပိုင်းကို အတော်လေး ထိခိုက်စေသည်။

ရုတ်တရက် ဖေးချန်းချီ ကပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ပြီး သူ့မျက်လုံးတွေက အရင်အတိုင်း မှိတ်နေခဲ့သည်။ သူ့မျက်နှာက ပိုဖြူဖွေးလာရင်း ရုတ်တရက် သူ့မျက်လုံးတွေက ပွင့်လာခဲ့သည်။ သူ မမြင်နိုင်ပေမဲ့ သိနေခဲ့သည်။ သူ့မျက်လုံးတွေက မဲမှောင်နေပြီး သူ့ကိုယ်တွင်းမှ နတ်ဆိုးစွမ်းရည်တွေက နေရာယူဖို့ ခြိမ်းခြောက်နေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Dove le storie prendono vita. Scoprilo ora