37...

1K 135 1
                                    

Unicode

ရေချိုးပြီးနောက် ဖေးချန်းချီ က ဇူးလုံဝမ် ဘေးတွင် ထိုင်ချလိုက်သည်။ သူတို့နှစ်ယောက်လုံးက တိတ်ဆိတ်နေကြပြီး နည်းနည်း ဖြူဖျော့နေသည့် ဇူးလုံဝမ် ကိုစိုက်ကြည့်နေခဲ့သည်။ ဖေးရှန့် ကရောက်လာခဲ့သည်။

စကားပြောပြီးနောက် ဖေးရှန့် က ဝေ့ရွှယ်လု နဲ့သိကျွမ်းသလို ပုံပေါ်နေသည်။ ဖေးချန်းချီ ကသူတို့ ဆက်ဆံရေးကို အာရုံမစိုက်ပေမဲ့ ထိုလူက ဝေ့ရွှယ်လု ကိုသိနေတာကိုတော့ မြင်နေရသည်။

“အစ်ကိုကြီး၊ ဒီကတိက သွေးစာချုပ်လိုမျိုးပဲလား?” ဇူးလုံဝမ် ကခံစားချက်မဲ့သည့် မျက်နှာထားဖြင့် ဇူးလုရွှီ အားမေးလိုက်သည်။

ဇူးလုရွှီ ကသူ့မျက်နှာကို ပွတ်လိုက်ပြီး သက်ပြငးချကာ ပြန်ဖြေလိုက်သည်။ “အစ်ကို မသိဘူး။ ဒါက အရမ်းလွယ်ကူပြီး ရိုးရှင်းနေသလိုပဲ။ ပိုင်ချန် ကဒီလိုမျိုးပဲ အရှုံးပေးလိုက်မဲ့သူမျိုး မဟုတ်ဘူး”

“ဒါက အရှုံးပေးတယ်ဆိုတာထက် သူက ရပ်လိုက်ဖို့ ဆန့်ဖြတ်လိုက်တာနဲ့ ပိုတူတယ်” ဖေးချန်းချီ ကပြောလိုက်သည်။ သူ ဇူးလုရွှီ ကိုသဘောမကျတုန်းပင်။ ထိုလူက ဒီအခြေအနေနဲ့ ပတ်သက်ပြီး လူတိုင်းကို အပြစ်တင်ခဲ့သည်။ သူဘာကိုမှ မလွတ်မြောက်နိုင်တော့မှသာ သူ့အမှားအဖြစ် ဝန်ခံခဲ့တာ ဖြစ်သည်။ ဖေးချန်းချီ ကဝိုင်ခွက်ကို ကိုင်ထားရင်း ဇူးလုရွှီ အားကြည့်လိုက်ကာ စွ,ပေးလိုက်သည်။ “ဆူကျုံအရှင်သခင်၊ သူနဲ့မင်းရဲ့ ရန်လိုမှုတွေ တည်ရှိနေခဲ့တာ အခုဆိုရင် ရာစုနှစ်ပေါင်းများစွာ ဖြစ်နေပြီ”

ဇူးလုရွှီ ကအကြည့်ကို အောက်စိုက်လိုက်သည်။ သူသိသည်။ သူလည်း နားလည်ခဲ့သည်။ သူချစ်တဲ့လူကို တစ်ကိုယ်ကောင်းဆန်ကာ ရက်စက်စွာဖြင့် သစ္စာဖောက်ခဲ့ပြီး သတ်တောင် သတ်ပစ်ခဲ့သည်။ စုပိုင်ချန် ကသူ့ကို မချစ်ခဲ့ဘူးဆိုတာကို သူသိသည်။ စုပိုင်ချန် ကသူ့လမ်းကြောင်းကိုသာ ဆက်သွားနေခဲ့သည်။ ထိုလူက သူ့အရိုးထဲထိတောင် အမုန်းတရားတွေကို ချုပ်ကိုင်ထားပေမဲ့ သူက သူ့ကိုတော့ မသိနိုင်ခဲ့ပေ။

“သူ ငါ့ကို မသတ်နိုင်ဘူး...” ဇူးလုရွှီ ကတုန်ခါနေသည့် အသံဖြင့် သူ့ခရမ်းရောင် မျက်လုံးတွေက အောက်ကို ကြည့်နေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now