1.13

20.6K 2.4K 12
                                    

Zawgyi

ရှုယောင်ဟန် ရဲ့စကားကို ကြားတဲ့အခါ လူတိုင်းကြောက်ရွံ့စွာ တုန်လှုပ်နေကြပြီး ဒူးထောက်ထားကြလေသည်။

“အရှင်မင်းကြီး ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ” ရှုယောင်ဟန် ဒေါသထွက်နေတာကို ကြည့်ပြီး မိုင်လင်း အံ့ဩသွားကာ ဒူးထောက်ရင်း ပြောလိုက်သည်။.

အခန်းထဲမှ တခြားသူတွေနဲ့ မတူသော်လည်း သူမက မတုန်လှုပ်ပေ။ ဒါပေမဲ့ သူမစိတ်ထဲမှာတော့ အတော်လေး ကြောက်နေသည်။ ရှုယောင်ဟန် က ပိုင်မန်ရှောင် ကိုဘယ်လောက်တောင် ဂရုစိုက်လဲဆိုတာ သူမ သိသည်။

“စိတ်အေးအေးထားရမယ်? ငါချစ်တဲ့သူနဲ့ ငါ့ကလေးက ဆုံးရှုံးရခါနီး ဖြစ်နေတာကို ငါကဘယ်လိုလုပ်ပြီး စိတ်အေးအေးထားနိုင်ရမှာလဲ? မိဘုရား၊ မင်းစီစဉ်ထားတဲ့ပွဲမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ငါ့ကို ရှင်းပြပေးနိုင်မလား?”

ရှုယောင်ဟန် ရဲ့မျက်လုံးထဲတွင် ဒေါသထွက် နေတာကို လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်‌နေရသည်။ မိုင်လင်း ကဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူမ နားမလည်တာကြောင့် ဘယ်လို ပြောရမလဲဆိုတာကို မရှာဖွေနိုင်ဘူးဖြစ်နေသည်။ တစ်စက္ကန့်လောက် ကြင်ယာတော်ရန် နှင့် ယု တို့ငြင်းခုံကြပြီး ပိုင်မန်ရှောင် နေမကောင်းသလို ခံစားရပြီး လဲကျသွားတာပဲ။

“အရှင်မင်းကြီး၊ ကျွန်...ကျွန်မ ဘာဖြစ်ခဲ့လဲဆိုတာကို မသိပါဘူး။ ရာသီဥတုက ပူတာကြောင့် အင်ပါယာ အဆင့်မြင့်ကြင်ယာတော် နေမကောင်းလာတာကို သတိထားမိလို့ သူ့ကို သွားဖို့အတွက် ခွင့်ပြုပေးခဲ့တာပါ။ သူဘာဖြစ်ခဲ့လဲဆိုတာ ကျွန်မ မပြောနိုင်ပါဘူး၊ သူလဲကျသွားတာကိုပဲ သိလိုက်တာပါ”

မိုင်လင်း ရဲ့စကားတွေက ရိုးရိုးသားသားနဲ့ပြောကာ ပိုင်မန်ရှောင် ကိုဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိတာကို ရှုယောင်ဟန် သိသည်။

“လူတိုင်း၊ ထွက်သွား! မိဘုရားနဲ့ သမားတော်ပဲ နေခဲ့၊ ကျန်တဲ့သူ အကုန်ထွက်သွားကြ” ရှုယောင်ဟန် ထိုစကားကို ထပ်ပြောစရာပင်မလို၊ လူတိုင်းက ကြောက်ရွံ့နေကြတာကြောင့် သူ့အသံကို ကြားတာနဲ့ ချက်ချင်း ထွက်သွားကြပြီး သူတို့ခေါင်းပြတ်မှာကို မလိုချင်ကြပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Donde viven las historias. Descúbrelo ahora