Extra 7

1.3K 103 8
                                    

Unicode

အချိန်တွေဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ၊ သူ့ဆီမှာတော့ မှတ်ဉာဏ်တွေက ကျန်ရှိနေတုန်းပင်။ စစ်ပွဲကြီးက ပြီးဆုံးသွားတာတောင် စည်းမျည်းအသစ်က အာဏာဖြစ်လာခဲ့တာတောင် သူ့နှလုံးသားမှ နာကျင်မှုတွေက ဘယ်တုန်းကမှ ပျောက်ကွယ်သွားခြင်း မရှိပေ။ ဒီလိုနဲ့ နာကျင်မှုတွေကြား နစ်မြုတ်နေခဲ့သည်။ သူ့ဘေးမှာ ထိုလူမရှိပဲ ရက်တွေကို ကျော်ဖြတ်နေရာက သူ့နာကျင်မှုတွေကို မဖိနှိပ်နိုင်ပဲ အဆုံးသတ်မှာတော့ သူ့ကိုယ်သူ မကျေမချမ်းနိုင် ဖြစ်ခဲ့ရသည်။

သူ့ရဲ့ဒီကျန်းမာသည့် ခန္ဓာကိုယ်... သူမရှိတော့ရင်တောင် ထိုလူကတော့ သူ့ဘေးမှာရှိနေသလိုပင်။ အပြင်ဘက်တွင် သူ့ပုံစံက ပြီးပြည့်စုံနေပုံပင်။ သို့သော် အတွင်းစိတ်တွင် သူက သေဆုံးပြီးသားသူ ဖြစ်နေခဲ့ပြီး ဘာအခွံမှမရှိတော့ပေ။

ထို့ထက် သူ့အကြောင်း အိမ်မက်မက်ခဲ့သည်။ သူတို့အိမ်အတွင်းတွင် ထိုလူက တောက်ပစွာ ရပ်နေခဲ့သည်။ သူက ခန့်ညားသည်။ သူ့ခန္ဓာကိုယ်က မှီနေပေမဲ့ သန်မာသည်။ ငွေရောင်ကို ဝတ်ဆင်ထားပြီး သူ့ဓားပုံစံ မျက်ခုံးတွေက ဖီးနစ်မျက်ဝန်းတွေနဲ့ လိုက်ဖက်နေသည်။ သူ့နှုတ်ခမ်းက ပါးလွှာနေပြီး မျက်လုံးတွေက တောက်ပနေသည်။ သို့သော် ထိုလူက သူ့ဆီလျှောက်လာရင်း နွေးထွေးစွာ ပြုံးနေခဲ့သည်။

ဒီအိမ်မက်က အစစ်အမှန်မဟုတ်တာကို ချီလုံဟိုင် သိနေခဲ့သည်။ ရန်ဒူလွမ် ကဘယ်တော့မှ ပြန်မလာနိုင်တော့တာကို သူသိနေခဲ့သည်။ သို့သော် သူနိုးထ,လာသည်အထိ ထိုအိမ်မက်က တည်ရှိနေခဲ့သည်။ ထိုလူရဲ့နွေးထွေးမှုကို သူခံစားမိနေသည်။ ရန်ဒူလွမ် ကသူ့ဆံပင်အား ဖီးပေးနေတာကို ခံစားမိနေသည်။

သူ့ကို သူချစ်ခဲ့သည်။ ရန်ဒူလွမ် သေဆုံးသွားပြီးနောက် ချီလုံဟိုင် ကဒီစကားတွေ ဘယ်တုန်းကမှ မပြောခဲ့တာကို နားလည်ခဲ့သည်။ သူသေသွားချိန်မှ ဒီစကားတွေပြောဖို့ သတ္တိတွေရှိလာမှန်း သိခဲ့ရပေမဲ့ နောက်ကျသွားခဲ့သည်။ ထို့နောက်တွင် အရာအားလုံးက အေးစက်သွားခဲ့သည်။ ဘာမှမလုပ်နိုင်တော့ပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now