Zawgyi
အံ့ဩစရာကောင်းစွာဖြင့် ဘာမှ မဖြစ်လာခဲ့ဘူး။ ရလဒ်က မဆိုးပဲ မင်ယောင်ဂျွန် နဲ့ ယိုဂျင်ဆော့ တို့ဆီမှ အားကောင်းတဲ့ စွမ်းရည်က တိုးလာတာကို လီရှင်းဝူ ခံစားမိသည်။ အဲ့ဒါက သူတို့ စွမ်းရည်တွေ မကြာခင်မှာ ရရှိတော့မဲ့ လက္ခဏာပဲဖြစ်သည်။
လီရှင်းဝူ က ဂျီဆိုးယူ ကိုသူ့လက်မောင်းထဲတွင် ချီလိုက်ကာ ကလေးမလေးက သူ့ဆံပင်ကို ထပ်ပြီးဆော့နေလေသည်။
“ကိုကို၊ သမီးလည်း အသက်ကြီးလာရင် စွမ်းရည်တွေ ရလာနိုင်မလား?” ဂျီဆိုးယူ ကမေးလိုက်ပြီး သူမမျက်လုံးလေးနဲ့ လီရှင်းဝူ ကိုကြည့်လိုက်သည်။ လီရှင်းဝူ ကသူ့လည်ချောင်းမှ ရယ်ချင်တာကို မထိန်းနိုင်ပဲ ရယ်လိုက်သည်။
“အင်းး အဲ့ဒါက အခြေအနေအရပဲ။ ညီမလေး အရွယ်ရောက်တဲ့အချိန်ထိ ဇွန်ဘီကမ္ဘာပျက်ကိန်းက ဆက်ပြီး ရှိနေသေးရင်တော့ ညီမလေးလဲ ရလာမှာပေါ့” ထို့နောက် အဝေးတွင် ရပ်နေတဲ့ မင်ယောင်ဂျွန် ကသူတို့ဆီကို လျှောက်လာလေသည်။ တောက်ပစွာ ပြုံးလိုက်ပြီး ဂျီဆိုးယူ ကိုကြည့်လိုက်သည်။
“မင်းက အရမ်းချစ်ဖို့ ကောင်းတာပဲ” အထူးသဖြင့် ဒီလိုမျိုး ခန့်ညားပြီး ကြင်နာတတ်တဲ့သူတစ်ယောက်က ဒီလိုမျိုး ပြောလိုက်မယ်ဆိုရင် ဘယ်သူမဆို ရှက်သွားကြလိမ့်မည်။ ဂျီဆိုးယူ တောင်မှ သူမရဲ့ ရှက်သွားတာကို မဖုံးနိုင်ပဲ ရယ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ မစ္စတာ” ထိုစကားကြောင့် မင်ယောင်ဂျွန် ရဲ့မျက်လုံးတွေက ပိုပြီး တောက်ပသွားလေသည်။ မင်ယောင်ဂျွန် ကကလေးတွေကို ချစ်တတ်တာကြောင့် မင်ဂျိုဆွန်း ကတော့ မအံ့ဩပေ။
မင်ယောင်ဂျွန် ကိုအမြဲတမ်း မှတ်မိနိုင်တာကတော့ ကလေးတွေက သူ့ရဲ့အားနည်းချက်ပဲ ဖြစ်သည်။ ကလေးတိုင်းအတွက် ဂရုစိုက်တာက သူ့အတွက် ပုံမှန်ဖြစ်ပြီး သူဂရုမစိုက်မှသာ ပုံမှန်မဟုတ်တာ ဖြစ်သည်။
“အမ်၊ ငါမင်းကို ချီလို့ရမလား?” မင်ယောင်ဂျွန် က လီရှင်းဝူ ကိုအရင်ဦးဆုံး ကြည့်လိုက်ပြီးမှ ဂျီဆိုးယူ ကိုမေးလိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ပျော်ရွှင်မှု၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နေသည်။ ဂျီဆိုးယူ က လီရှင်းဝူ ကိုအရင်ဆုံး ကြည့်လိုက်ပြီးနောက် လှည့်လိုက်ကာ မင်ယောင်ဂျွန် ကိုကြည့်လိုက်သည်။

YOU ARE READING
𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳
Randomအဓိကဇာတ်ကောင်တွေက အမျိုးသားဇာတ်လိုက်တွေနဲ့ ပဲတွေ့ကြတာလား? ကောင်းပြီလေ၊ စာဖတ်သူတွေကတူခဲ့ကြတဲ့ အတွေးတွေကို သဘောတူတာ ငြင်းဆိုကြတာပေါ့။ နောက်ပိုင်းတော့၊ အဓိကဇာတ်ကောင်ကို ဖျက်ဆီးကြရအောင်။ ဒါကြောင့် အဓိကဇာတ်ကောင်ရဲ့ ရွှေခြေထောက်ကြီး ကိုအဝေးကို ယူထုတ်ကြရအေ...