4.19.5

6.3K 699 18
                                        

Zawgyi

လီရှင်းဝူ အိပ်မက်မက်နေသည်။
ဒီအိပ်မက်ထဲမှာ သူက ဘယ်သူလဲဆိုတာ မသိပေမဲ့ ဒါက သူ့အတိတ်နဲ့ ပတ်သက်နေတယ်ဆိုတာ သူပြောနိုင်သည်။ ဆိုလိုတာက သူ့မှာရှိတဲ့ ခန္ဓာကိုယ်က သူကိုယ်တိုင်ပဲဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပဲ ဒါက သူ့ဘာသာ ရွေ့လျားနေသည်။

ဒါက သူ့အတိတ်ပဲ၊ ဒီအိပ်မက်ထဲက အရာတွေက သူ့အတိတ်တုန်းက လုပ်ခဲ့တဲ့အရာတွေကို ဆိုလိုတာ ဖြစ်သည်။ သူ့အရှေ့က လူက သူ့မျက်လုံးတွေက နီရဲနေပြီး ဆံပင်ကို ချည်နှောင်ထားကာ အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သံချပ်ကာနဲ့ တူလေသည်။ သူ့အသားရည်က ဖြူဖွေးနေပေမဲ့ အားအင်ပြည့်ဝနေပုံရသည်။

သူက ခန့်ညားပေမဲ့ သူ့ကိုယ်ကနေ လွတ်မြောက်ချင်တဲ့ အရှိန်အဝါတွေ ထုတ်လွှင့်နေပြီး ပုန်းကွယ်မထားနိုင်ပေ။ ထိုအရှိန်အဝါတွေက အတော်လေးကို သံသယဝင်ဖွယ်ကောင်းသည်။ ဒီလူက ဘယ်သူဆိုတာ လီရှင်းဝူ မသိပေ။ သူက သူ့မျက်နှာချင်းဆိုင်မှာ ဂိမ်းတစ်ခုကို စကားနေပြီး အဲ့ကစားပွဲကို ဘယ်လိုကစားရမှန်း မသိပေ။

ထို့နောက် လီရှင်းဝူ အပြောင်းအလဲကို ခံစားလိုက်ရသည်။ အပြုံးတစ်ခု? သူပြုံးနေတဲ့ပုံက ဒီလူနဲ့ တူတယ်။ လီရှင်းဝူ တစ်ခုခု နားလည်သွားသည်။ မင်ယောင်ဂျွန် ပြောဖူးတယ်၊ အတိတ်တုန်းက သူက တခြားသူတစ်ယောက်ကို ချစ်ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်၊ ဒီလိုပြောတာက သူ့အရှေ့က ရှိတဲ့လူက သူချစ်ခဲ့တဲ့လူလား။

“ပိုင်ချန်၊ မင်းရွေ့လိုက်တာ သေချာပြီလား?” ဒါက သူ့အသံဖြစ်ပေမဲ့ လီရှင်းဝူ ဒီအသံနဲ့ ရင်းနှီးသလို မခံစားရပေ။ သူ့အရှေ့က ဒီလူကို ပိုင်ချန် လို့ခေါ်လိုက်တယ်။ လီရှင်းဝူ သူ့အသံကို ရွံမုန်းမိသည်၊ ဒီအသံမှာ နွေးထွေးမှုတွေနဲ့ ဒီမသိတဲ့ လူအတွက်နဲ့ ချစ်ခြင်းတရားတွေ ပြည့်နေပုံရသည်။

ပိုင်ချန် ပြုံးလိုက်ပြီး နီရဲနေတဲ့ သူ့မျက်လုံးတွေက တောက်ပသွားပြီး နောက်ဆုံးတော့ အနက်ရောင် အပိုင်းလေးကို ကောက်ယူလိုက်ပြီး ဘုတ်ပြားပေါ်တွင် နေရာချလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Tempat cerita menjadi hidup. Temukan sekarang