4.11

6.1K 635 8
                                        

Zawgyi

~~Real World~~

ဖေးရှန့် သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။ ထိုလူအား အနည်းဆုံးတော့ နာကျင်စေခဲ့ကြောင့် ဖေးချန်းချီ ရှာတွေ့နိုင်တာကြောင့် ဒါက ခြေတစ်လှမ်းပဲ ဖြစ်သည်။ သူ မတ်တပ်ရပ်လိုက်ပြီး အစေခံ တစ်ယောက်က သူ့ဘေးကို မြန်မြန် ရောက်လာခဲ့သည်။

“ဗိုလ်ကြီးဖေး၊ မသေမျိုး ဇူးလုရွှီ က မသေမျိုးပိုင်ရဲ့ မှာကြားထားတဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ထွက်ခွာခဲ့ပါတယ်” အစေခံက သူမ ခေါင်းကို ငုံ့ကာ ဖေးရှန့် ရဲ့ထိုးဖောက်နေသည့် အကြည့်ကို ရှောင်ရှားလိုက်သည်။

ဖေးရှန့် ကအစေခံကို ကြည့်လိုက်ပြီး သူမ ပြောတဲ့စကားတွေက ယုံကြည်နိုင်လားဆိုတာ စစ်ဆေးပြီးမှ နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။

“မင်း သွားနိုင်ပြီ” အစေခံက သူမ ကျောကို ထပ်ပြီး ကွေးလိုက်ကာ လှည့်ကာ ထွက်သွားလေသည်။ ဖေးရှန့် သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး သူမျက်လုံးတွေကို မှိတ်လိုက်ပြီး စတင်တွေးတောလိုက်သည်။ ဇူးလုရွှီ နဲ့ ပိုင်ချန် တို့ရဲ့ ဆက်ဆံရေးက မီးနဲ့ရေလိုပဲ ဖြစ်သည်။

သူတို့ နှစ်ဦးကြားက ရန်ငြိုးက တခြားသူတွေ သိထားတာထက် ပိုနက်ရှိုင်းသည်။ ဒါပေမဲ့လည်း ဘယ်သူ့အမှားမှန်း မသိနိုင်ဖြစ်ခဲ့သည်။ သူ သက်ပြင်းသာ ချနိုင်ပြီး မတ်တပ်ရပ်လိုက်ကာ သူ့အခန်းကနေ ထွက်လိုက်သည်။

သူထွက်ပြီး မကြာခင်မှာပဲ ထူးဆန်းတဲ့ အရှိန်အဝါကနေ သူ့ကို သတိပေးလိုက်သည်။ ဒါပေမဲ့ ဒါဘယ်သူလဲဆိုတာ သူသိပြီးသား ဖြစ်သည်။ ဘာမှမသိပဲ သူ့အတွက် ဒီအရာတွေက အတော်လေး ဖြစ်ပျက်ခဲ့သည်။

“ဗိုလ်ကြီးရွှယ် ထွက်လာခဲ့” ဖေးရှန့် ဒီအတိုင်းပဲ နေလိုက်ပြီး ရွှယ်လု ကိုမခြိမ်းခြောက်ပဲ ပြောလိုက်သည်။ လမ်းလျှောက်သံ အနည်းငယ်ကြားလိုက်ပြီး ရွှယ်လု ကထွက်ပေါ်လာသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုတောင် မရှိပေ၊ သူ့အမူအရာတွေက အေးစက်ပြီး ကြမ်းတမ်းနေသည်။

သူ့မျက်လုံးတွေက ဘာအကြောင်းကြောင့်မှန်း မသိရပဲ နက်ရှိုင်းနေသည်။ သူက ဖေးရှန့် ကိုတစ်စက္ကန့်လောက် ကြည့်လိုက်ပြီး သူ့ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Tahanan ng mga kuwento. Tumuklas ngayon