7.9

1.6K 253 2
                                    

Unicode

‌အင်ပါယာ မြို့တော်အတွင်း လမ်းများသည် ပြည့်ကျပ်နေခဲ့သည်။ လူငယ်၊ လူ‌ကြီးတွေဆီမှ ရယ်မောသံ၊ ချီးကျူးဂုဏ်ပြုသံတွေနဲ့ လူတိုင်းက ပျော်ရွှင်နေကြသည်။ ဆိုင်‌ေတွက ပိတ်ထားပြီး ကောင်းကင်ရှိ ကြယ်တွေသည် မီးရှူးမီးပန်းတွေဖြင့် ပျောက်ကွယ်နေသည်။ ဒီလိုမျိုး တိုင်းသူပြည်သားတွေ စုဝေးပြီး ပျော်ပွဲရွှင်ပွဲလုပ်တာက မိုတိုင်းပြည်တွင် ရှားပါးသည်။

လူစုလူဝေးကြားတွင် ရထားလုံးတစ်စီးက ဖြတ်သွားတာကြောင့် သူတို့က လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက် ရထားလုံးတွင် တန်ဆိုသည့် တံဆိပ်ကိုလည်း လူတိုင်းမြင်လိုက်ကြသည်။ မြင်လိုက်သည်နှင့် ထိုအထဲတွင် ဘယ်သူပါလဲဆိုတာကို သူတို့က ချက်ချင်း သိသွားကြသည်။ စစ်သူကြီးတန်... သူတို့က လမ်းဖယ်ပေးရင်းနဲ့ သူတို့ရဲ့ ချီးကျူးဂုဏ်ပြုသံတွေက အရင်ကထက်ပင် ပိုပြီးကျယ်လောင်လာသည်။

ကျက်သရေရှိစွာ ဖန်တီးထားသည့် ရထားလုံးထဲတွင် တန်ချင်းရှန် သည် လုဖန်မိန် နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည်။ သျူ့မျက်နှာက အရင်ကအတိုင်း တည်ငြိမ်နေပြီး တောက်ပနေကာ သူတို့ထိုင်နေသည့် အမှောင်ထဲတွင် ဖယောင်းတိုင် မီးအလင်းတစ်ခုသာ ရှိသည်။

တန်ချင်းရှန် ရဲ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လုဖန်မိန် သည်အပြင်ဘက်မှ ချီးကျူးဂုဏ်ပြုသံတွေနဲ့ ပျော်ရွှင်နေကြတဲ့ ပြည်သူတွေရဲ့ အသံကိုနားထောင်ရင်း ပြုံးနေခဲ့သည်။ တန်ချင်းရှန် သည်စခန်းစီကို ညအချိန်တွင် ပြန်ရောက်လာခဲ့ပြီး လူတိုင်းကို စုဝေးစေပြီး မိုချော ရဲ့အစီစဉ်တွေကို ပြောပြခဲ့သည်။

သူတို့သည် ခနတောင် အနားမယူပဲ ချက်ချင်းထွက်လာခဲ့ကြသည်။ ရထားလုံးထဲတွင် နန်းတော်ဆီသွားနေတာကို လုဖန်မိန် ကြည့်နေခဲ့သည်။ မြင်းခွာသံတွေကို နားထောင်ရင်း လုဖန်မိန် မေးလိုက်သည်။ "ချင်ရှန်း၊ ကျွန်တော် နန်းတော်ထဲ ဝင်ခွင့်ရတာ သေချာရဲ့လား?"

ထိုမေးခွန်းကို ကြားလိုက်ပြီး တန်ချင်းရှန် က‌ခေါင်းညိတ်လိုက်သည်။ "သေချာတာပေါ့။ ဒီစစ်ပွဲရလဒ်ကြောင့် မင်းရာထူးကလဲ မြင့်နေပြီ။ မင်းမရှိရင် ငါလုပ်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ပံုစံနဲ့ ဘယ်သူမှ မင်းကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ မင်းက ငါ့ဘေးမှာ တစ်ချိန်လုံးရှိနေရင် တခြားဝန်ကြီးတွေ ပြောမှာကို စိုးရိမ်နေစရာ မလိုဘူး" တန်ချင်းရှန် ကဒီနေ့တွင် ကျက်သ‌ရေရှိသည့် အနီနဲ့အနက် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now