Zawgyi
သူ့အဖေက ရူးနေတယ်ဆိုတာကို တန်ဒိုးအခိရာမ သိပေမဲ့ သူ့အဖိုး အလုပ်တွေကို သူတို့နဲ့ သွေးသားမတော်စပ်တဲ့ သူကို ပေးပစ်မယ်လို့တော့ သူမမျှော်လင့်ထားပေ။ ထိုအချိန်ကြောင့် ဒီအသုံးမဝင်တဲ့ အဖေကို ဖယ်ရှားပစ်ဖို့ကို စဉ်းစားလိုက်သည်။
သားသမီး ကျင့်ဝတ်တွေကို လိုက်နာခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။ ထိုအချက်ကြောင့် သူ့မိထွေးနဲ့ မယားပါးသားကို တန်ဒိုးအခိရာမ မဖယ်ရှားခဲ့တာ ဖြစ်သည်။
သူ့အဖေက သူတို့ကို မျက်နှာသာပေးနေတာက သူတို့စီးပွားရေးကို မထိခိုက်ပဲ သူ့အဖိုး အသက်ရှင်နေတုန်းက သူ့အဖိုးက အရာအားလုံးကို သူ့ကို ပေးခဲ့သည်။ တန်ဒိုးရာခိမိ ကိုကြည့်လိုက်ပြီး တန်ဒိုးအခိရာမ ပြောလိုက်သည်။
"မင်းဘာလုပ်မလဲဆိုတာကို ငါဂရုမစိုက်ပေမဲ့ အဖိုး အသက်ရှင်နေစဉ်မှာ အပြင်လူကို အမွေဆက်ခံခွင့်တော့ မပြုနဲ့။ ငါ မင်းကို လာပြောမယ်။ အန်တီ၊ ဦးလေး အဖွဲ့ထဲမှာ ရှိနေတဲ့ လူတိုင်းကို ဖိတ်လိုက်။ ငါ့မျက်လုံးအောက်မှာ အဲ့လူကို ဒီအဖွဲ့အစည်းကို ယူသွားခွင့်မပြုနိုင်ဘူး"
ထိုစကားနဲ့ သူ့ဘာသာ တည်ငြိမ်အောင် အသက်ရှူသွင်းလိုက်ပြီး ဖုန်းခေါ်လိုက်သည်။ နာရိဇာဇဲနို က တန်ဒိုးရာခိမိ ရဲ့လက်ကို ဂရုတစိုက်နဲ့ ကိုင်ထားလိုက်သည်။ နာရိဇာဇဲနို ကသူ့ကို ပြုံးပြီး ကြည့်နေတာကို တန်ဒိုးရာခိမိ ကြည့်လိုက်ပြီး သူ့ဒေါသတွေက တည်ငြိမ်သွားသည်။
(အမျိုးသား ဇာတ်လိုက်ရဲ့ ချစ်ခြင်းရာခိုင်နှုန်း ၆၀% ဖြစ်ပါတယ်)
"အဆင်ပြေပါတယ်၊ မင်းအရင်ဆုံး ဒါကို သွားညှိလိုက်" နာရိဇာဇဲနို ကသူ့စိတ်ထဲ မထားဘူးဆိုတာကို ပြသဖို့ အပြုံးကို ပေးလိုက်ပြီး တီးတိုးပြောလိုက်သည်။ တန်ဒိုးရာခိမိ ကသူ့ဘာသာ မထိန်းချုပ်နိုင်ပဲ နာရိဇာဇဲနို ရဲ့လက်ကို ညှစ်လိုက်ပြီး လွှတ်လိုက်ကာ သူ့အစ်ကိုဘက်ကို လှည့်လိုက်သည်။
"အစ်ကို၊ ကျွန်တော်ကိုပါ ခေါ်သွားပေး။ အဲ့လူနဲ့ မတွေ့ချင်ပေမဲ့ အဖိုးအသက်ရှိနေချိန်မှာတော့ ဒီလိုအရာမျိုး မဖြစ်စေချင်ဘူး" တန်ဒိုးအခိရာမ က တန်ဒိုးရာခိမိ ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ ခေါင်းညိတ်လိုက်သည်။

YOU ARE READING
𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳
Randomအဓိကဇာတ်ကောင်တွေက အမျိုးသားဇာတ်လိုက်တွေနဲ့ ပဲတွေ့ကြတာလား? ကောင်းပြီလေ၊ စာဖတ်သူတွေကတူခဲ့ကြတဲ့ အတွေးတွေကို သဘောတူတာ ငြင်းဆိုကြတာပေါ့။ နောက်ပိုင်းတော့၊ အဓိကဇာတ်ကောင်ကို ဖျက်ဆီးကြရအောင်။ ဒါကြောင့် အဓိကဇာတ်ကောင်ရဲ့ ရွှေခြေထောက်ကြီး ကိုအဝေးကို ယူထုတ်ကြရအေ...