Unicode
“ဒါက အမေနေတဲ့ နေရာပဲ” ချန်းလီဟွေ့ ကမိတ်ဆက်လိုက်ရင်း ဂိတ်ပေါက်ကို ဖြတ်လိုက်ကာ နှင်းဆီဥယျာဉ်ကို ဖေးချန်းချီ မြင်လိုက်ရသည်။ “အမေ...” သူမက နည်းနည်း တွန့်ဆုတ်နေပြီး သူမသားအား မော့ကြည့်လိုက်သည်။
ဖေးချန်းချီ ကသူထင်ထားသည်ထက် ပိုကြီးမားသည့် ခြံဝန်းအား လိုက်ကြည့်လိုက်သည်။ ထို့ကြောင့် သူတို့ဘေးတွင် လျှောက်သွားကြပြီး ချန်းလီဟွေ့ နဲ့သူ့အား ဦးညွှတ်သွားကြသည့် အစေခံတွေကို မြင်နိုင်သည်။
ဖေးချန်းချီ ကမထိန်းချုပ်နိုင်ပဲ ထိုအမျိုးသမီးအား ထပ်ကြည့်လိုက်သည်။ သူမက အသက်ရှင်နေတုန်းအတိုင်း ဖြစ်နေပြီး ပိုပြီးတော့တောင် ငယ်ရွယ်ပုံပေါ်နေသည်။ ထိုအမျိုးသမီးက လှပသည့် အမျိုးသမီး ဖြစ်သည်။ အရင်က ဆင်းရဲပြီး ဖျားနာမှုတွေကြောင့် သူမအလှတွေက ယို့ယွင်းခဲ့ပေမဲ့ အခုတော့ အဲ့လိုမျိုး မရှိတော့ပေ။ သူ မထိန်းချုပ်နိုင်ပဲ ပြုံးလိုက်သည်။ သူကသာ အရွယ်ရောက်လာသည့် လူလိုဖြစ်နေသည်။
“အမေက... အရင်အတိုင်းပဲ” ဖေးချန်းချီ ကတဖြည်းဖြည်း ပြောလိုက်သည်။ သူ နည်းနည်း ကြောက်နေသည်။ ဒီလိုချစ်ခြင်းက ကြောက်စရာကောင်းသည်။ သူ့အရင်ဘဝက မကူးပြောင်းခင်မှာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ခဲ့ပြီး မိသားစုချစ်ခြင်းအား လက်လျော့ခဲ့ရသည်။ ကမ္ဘာပေါင်းများစွာကို ဝင်ရောက်ခဲ့ပြီး ဒီနွေးထွေးမှုက တခြားအရာတွေထက် ပိုကြောင်းကို သိခဲ့ရသည်။
ချန်းလီဟွေ့ က ဖေးချန်းချီ စကားကြောင့် နည်းနည်း ထိတ်လန့်သွားပေမဲ့ သူမက တောက်ပစွာ ပြုံးလိုက်သည်။ “အဲ့လိုပဲ။ အမေက အသက်မကြီးလာပေမဲ့ သားကတော့ ရင့်ကျက်လာပြီ”
သူမနဲ့ မတူစွာပင် ဖေးချန်းချီ ကအခုတော့ ပိုအသက်ကြီးသည်။ သူက ငယ်ရွယ်သည့် အသွင်အပြင်သာ ရှိနေသေးသော်လည်း ရင့်ကျက်သည်။
ဖေးချန်းချီ က ချန်းလီဟွေ့ ကိုကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ချန်းလီဟွေ့ ရဲ့လက်ကို တင်းကြပ်စွာ ကိုင်လိုက်ပြီး အတွင်းကို လျှောက်ဝင်သွားခဲ့ကြသည်။ “အမေ၊ အချိန်ကြာနေပြီ။ အမေ အဆင်ပြေလား?” ဖေးချန်းချီ ကယဉ်ကျေးစွာ မေးလိုက်သည်။ ဒါက သူ့ပထမဘဝ ဖြစ်သော်လည်း မှတ်ဉာဏ်ပေါင်းများစွာက သူ့ခေါင်းထဲတွင် ရှိနေပြီး သူ့အား ဒီကမ္ဘာကို အာရုံစိုက်ဖို့ ခက်ခဲစေသည်။
YOU ARE READING
𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳
Randomအဓိကဇာတ်ကောင်တွေက အမျိုးသားဇာတ်လိုက်တွေနဲ့ ပဲတွေ့ကြတာလား? ကောင်းပြီလေ၊ စာဖတ်သူတွေကတူခဲ့ကြတဲ့ အတွေးတွေကို သဘောတူတာ ငြင်းဆိုကြတာပေါ့။ နောက်ပိုင်းတော့၊ အဓိကဇာတ်ကောင်ကို ဖျက်ဆီးကြရအောင်။ ဒါကြောင့် အဓိကဇာတ်ကောင်ရဲ့ ရွှေခြေထောက်ကြီး ကိုအဝေးကို ယူထုတ်ကြရအေ...